အပိုင်း ( ၂၀ )

721 77 0
                                    

Unicode>>>>>

"ချမ်းယွန်း နင်တကယ်ကြီးလားဟယ်.........Brownie....Brownieကိုရော ဘယ်လိုလုပ်မလဲ........."

"ငါမသိဘူးလင်းလက်ရာ........ငါဘယ်လိုမှမမြိုသိပ်နိုင်တော့လို့ နင့်ကိုပြောပြရတာ.......မေမီကိုတောင် မပြောဘူး........"

"နင့်ဟာကလည်းလေ.......ခက်တာပဲ ငါလည်းဘယ်လိုအကြံပေးရမလဲမသိတော့ဘူး......."

"ငါလည်းမသိဘူး.......အစကBrownieကိုချစ်လို့ သူ့ကိုမနာလိုဖြစ်မိတယ်ထင်တာ.......နောက်တော့မှ..........."

"ဟူး..........ချမ်းယွန်းရယ်.....နင့်လည်းဟာ.......နင်မေ့လိုက်ပါ့လားဟယ်သူ့ကို......ဘယ်လိုဖြစ်ဖြစ် နင့်ကိုချစ်လာမှာမှမဟုတ်တော့တာ........."

"Brownieမရှိတော့ရင်ရော.........."

"ဘာ.........ဟဲ့ မဟုတ်တာ‌တွေ......."

"ငါပြောချင်တာက Brownie မေမီနဲ့တွဲဖြစ်သွားရင်ရော ငါ့အတွက်အခွင့်အရေးရှိလာမယ်နင်ထင်လား.........."

"ငါကဘယ်သိမှာလဲ........သူက နင့်အပေါ်ဘာဆိုဘာစိတ်မှမရှိရင်တော့ Brownieရှိခြင်း/မရှိခြင်းက သိပ်ပြီးထူးမသွားဘူး......."

"အေးပါဟာ.........."

"ယွန်းလေးရေ........ဆန်းလေးဆီကဖုန်းလာတယ်.........."

"ဟုတ်.........."

ချမ်းယွန်း လင်းလက်နဲ့စကားပြောရင်းကနေ Brownieဆီကဖုန်းလာတာနဲ့ ဖုန်းပြောနေလိုက်သည်။လင်းလက်ကတော့ ချမ်းယွန်းကိုကြည့်ပြီး ဘေးကနေသက်ပြင်းပဲချနေတော့သည်။သူ့မှာလည်း သူ့resultအကြောင်းတောင် မစဉ်းစားနိုင်။ချမ်းယွန်းအတွက် ခေါင်းခဲနေရသည်လေ။

"ဖြူ ကို ခင်လင်းတို့ဆီခဏသွားမလို့ လိုက်မလား........."

"မလိုက်တော့ဘူးညို........ဖြူခဏလောက်အိပ်ချင်သေးလို့........."

"အင်းပါ ဒါဆိုလည်း ကိုသွားပြီနော်......ခဏပါပဲ........"

"အင်းအင်း ဂရုစိုက်သွားနော်ညို......."

"အင်းပါဖြူရဲ့........."

ညို ဖြူတို့အိမ်ကနေ ကြီးတိုးတို့အိမ်ဘက်ကိုထွက်လာခဲ့လိုက်သည်။ကြီးတိုးတို့ကိုပေးဖို့ ဝယ်လာတဲ့ပစ္စည်းအိတ်တွေကို ယူလာရင်းနဲ့ ခြေလှမ်းတွေတက်ကြွနေသည်။ခင်လင်းနဲ့မြတ်လင်းတို့အကြိုက် ထိုးမုန့်ကိုလည်းယူလာခဲ့တာမို့ ခင်လင်းမျက်နှာကြီး ဖြီးနေတော့မှာကိုလည်းကြိုမြင်နေတော့သည်။

မပြိုသည့်မိုး ( Completed )Where stories live. Discover now