အပိုင်း ( ၂ )

1.1K 112 2
                                    

Unicode>>>>>

"ညို........."

"အင်း ပြောလေ ဖြူ.........."

"ညို ဘယ်တက္ကသိုလ်ဆက်တက်မယ်စိတ်ကူးလဲဟင်........."

"အရမ်းတက်ချင်တဲ့ကျောင်းတစ်ခုတော့ရှိတယ်..........."

"ဟုတ်လား ဘယ်ကျောင်းလဲ.........."

"ဆေးတက္ကသိုလ်........ဒါပေမဲ့ မဖြစ်နိုင်ပါဘူးလေ..........."

"ဘာလို့လဲညိုရဲ့.........ညိုကစာတော်တာပဲဟာ........"

"ဆေးတက္ကသိုလ်က နှစ်အကြာကြီးတက်ရတာလေဖြူရဲ့.........ညိုက ဘယ်ကပိုက်ဆံနဲ့သွားတက်ရမှာလဲ..........အဲ့ဒါကြောင့် ညို တက္ကသိုလ်တက်ဖြစ်ရင်တောင် နှစ်အနည်းဆုံး ကျောင်းကိုပဲရွေးတက်မယ်လို့ပဲ တွေးထားတယ်.........."

"ဒါပေမဲ့ညို........ဂုဏ်ထူးအများကြီးပါအောင်လုပ်ရမယ်နော်........သိလား.......ဖြူ ညို့အတွက်ဂုဏ်ယူချင်လို့..........."

"အင်းပါဖြူရဲ့.........ဖြူလည်း ကြိုးစားနော်........ဖြစ်နိုင်မယ်ဆိုရင် ညို ဖြူနဲ့အတူတူကျောင်းဆက်တက်ချင်ပါသေးတယ်.........."

"ဖြူရောပဲ.........ဖြူ ညို့အနားမှာဆက်နေချင်သေးတယ်........."

"ဟင်......အင်း......လာ ဖြူ........ကြီးမြိုင်ကိုလှမ်းမြင်နေရပြီ မြန်မြန်လာ.......သူပြန်သွားမှ အိမ်အထိလိုက်တောင်းနေရဦးမယ်.........."

"အင်းအင်း ညို........."

ကြီးမြိုင်ဆီကို အပြေး လျှောက်သွားတဲ့ညို့ကိုကြည့်ပြီး ဖြူပြုံးနေမိသည်။ညိုကယောက်ျားလေးမဟုတ်ပေမဲ့ ဖြူ ညို့ကိုရင်ခုန်နေမိသည်။ညို့ရဲ့စကားလုံးလေးတွေတိုင်း၊အပြုအမူလေးတွေတိုင်းက ဖြူ့ကိုညှို့ယူနိုင်လွန်းသည်။စာ‌တွေ နားမလည်ချင်ယောင်ဆောင်ကာ သွားမေးတိုင်းလည်း ညိုကစိတ်ရှည်ရှည်နဲ့ကို ရှင်းပြပေးရှာသည်။ဖြူ့အပြုအမူတွေကို ညိုရိပ်မိနေမလားမသိပေမဲ့ မသိသေးတာပဲကောင်းမည်ထင်သည်။ညိုသိသွားခဲ့လျှင် ဖြူ့ကိုရှောင်မယ်ဆိုတာ ဖြူသိနေတာမို့။

"ဖြူ လာလေ........."

"ဪ အင်း.........."

"ကြီးမြိုင် ဒါဆို ညိုတို့သွားတော့မယ်နော်.......အိမ်ပြန်လိုက်ပို့ပေးရဦးမလား........."

မပြိုသည့်မိုး ( Completed )Where stories live. Discover now