အပိုင်း( ၄ )

938 103 4
                                    

Unicode>>>>>

"ထိုက်ဆန်း........ထိုက်ဆန်း......လာထိုင်လေကွာ........."

"ဟုတ် ဦးစိုး........."

"အစ်မကြီးတို့ရော ထိုင်ကြပါ.........မိုးရေ ဧည့်သည်တွေပါလာတယ်ဟေ့ လက်ဖက်ပဲကြော်လုပ်ပါဦး..........."

ဖြူ ဖေဖေ့အသံကြားတာနဲ့ အိမ်အောက်ကိုပြေးဆင်းသွားလိုက်တော့ ဖေဖေက ဧည့်သည်သုံးယောက်နဲ့ စကားပြောနေသည်။ညို့ကိုမတွေ့ရသည်မို့ ဖြူ ဖိနပ်အမြန်ကောက်စီးလိုက်ပြီး ဖေဖေတို့အနားသွားကာ ညို့ကိုမေးလိုက်သည်။

"ညိုက တစ်ယောက်တည်း‌ခဏနေချင်တယ်တဲ့ ခဏနေပြန်လာမှာပါသမီးဖြူရဲ့........"

"သမီးလိုက်သွားလိုက်ဦးမယ်ဖေဖေ.......သွားပြီနော်.........."

"သူသွားတဲ့နေရာသိလို့လားသမီးက......"

"သိတယ်......."

ဖေဖေက ညို့အကြောင်းစုံပြောပြတာမို့ မြို့ကလူတွေက ညို့မိဘတွေမှန်း ဖြူသိရတာနဲ့ဖေဖေ့ကိုတောင် ကောင်းကောင်းပြန်မပြောနိုင်တော့ပဲ ညိုစာကျက်လျှင်သွားနေကျ ကန်သင်းဆီကို အမြန်ပြေးသွားလိုက်သည်။ညိုကအပြင်တမ်းစိတ်မာတယ်ထင်ရပေမဲ့ သိပ်ကိုအားငယ်တတ်သည်။ဒါကို ဖြူအသိဆုံး။

မိဘမဲ့ကလေးလို့ အစခံရလျှင်တိုင်းလည်း ဘာမှပြန်မပြောတတ်ပဲ မျက်နှာတည်ကြီးနဲ့ပဲ နေတတ်သည်။လူကွယ်ရာရောက်မှ မျက်ရည်လေးတွေကျနေတတ်သည်။ညိုပြောပြလို့သိတာတော့မဟုတ်။ဖြူ ညို့နောက်ကို ခိုးခိုးလိုက်ကြည့်ခြင်းကြောင့်သာ သိရသည်။အခုလည်း ညို ငိုနေလောက်သည်။သို့မဟုတ် စိတ်ဝမ်းနည်းနေလောက်မည်။ထို့ကြောင့် ဖြူ ပိုပြီးသုတ်ခြေတင်ကာ သွားနေမိတော့သည်။

"ညို့............အီးဟီး......ဟီး......."

"ဟာ ဖြူ.......ဘာဖြစ်လာတာလဲ.......ဘာလို့ငိုနေတာလဲ.........."

ဖြူ အမောတကောနဲ့ ပြေးလာကာ ညို့အနားရောက်တာနဲ့ ငိုနေသည်မို့ ညို ဖြူ့ရဲ့မျက်ရည်တွေကိုသုတ်ပေးနေမိသည်။

"ညို့.........ညို ဖြူ့ကိုထားသွားမှာလားဟင်......"

"ညိုကဘယ်ကိုသွားရမှာလဲ ဖြူရဲ့........"

မပြိုသည့်မိုး ( Completed )Where stories live. Discover now