အပိုင်း ( ၁၅ )

752 89 5
                                    

Unicode>>>>>

"ဖြူ.......ကို ရုပ်ရှင်ရုံရောက်နေတာ.......ဖြူ့ကိုအရမ်းသတိရတာပဲ.......ဖြူနဲ့အတူတူရုပ်ရှင်ကြည့်ချင်တယ်........."

"အင်းပါ ကြည့်ကြည့်......ဟိုကောင်မလေးပုံပို့ဖို့ မမေ့နဲ့နော် ကြားလားညို.........."

"အင်းပါဖြူရဲ့.......အခုသူနဲ့နှစ်ယောက်တည်းမဟုတ်ဘူး........သူ့သူငယ်ချင်းနှစ်ယောက်ရောပါတယ်........စိတ်မချမဖြစ်နဲ့နော်......ကိုက ဖြူ့ပဲချစ်တာ သိတယ်မလား........."

"မသိဘူး.........တစ်နေကုန် လျှောက်သွားနေတာပဲညိုက........"

"ကိုကမသွားချင်ပါဘူး.......ဘွားက ဇွတ်ထည့်လွှတ်လို့လိုက်သွားရတာ.......ဒါနဲ့ ဖြူသိလား.........ကို ဆိုင်ကယ်မောင်းတတ်နေပြီ.......ဖြူ ဒီကိုလာရင် ကိုတင်စီးမယ်........"

"အင်းပါ ဟုတ်ပါပြီညိုရဲ့.......ရုပ်ရှင်ကြည့်မှာဆိုကြည့်လေ........ဖြူလည်း မေမေနဲ့ တောထဲခဏလိုက်သွားလိုက်ဦးမယ်......."

"တောထဲလား........ဒါဆို လက်ရှည်လေးထပ်ဝတ်သွားနော်.......ဖြူ ပြန်ရောက်ရင် ကို့ကိုပြောဦး........"

"အင်းပါ ညိုရဲ့......ဒါဆို သွားတော့မယ်နော် မေမေခေါ်နေပြီမို့.........."

"အင်း အရမ်းချစ်တယ်နော်ဖြူ......."

"အင်းအင်း......."

ညိုတို့ရုပ်ရှင်ရုံထဲဝင်ထိုင်လိုက်ပြီး ဇာတ်ကားမလာသေးပဲ သီချင်းတွေပဲဖွင့်ထားသေးသည်မို့ ညို ဖြူနဲ့ လိုင်းပေါ်ကနေစကားပြောနေလိုက်သည်။ဖြူ လိုင်းoutသွားတာနဲ့ ညိုလည်းလိုင်းoutလိုက်ပြီး ဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်ဖို့ပြင်လိုက်တော့ ညို့ဘေးနားမေမီဆိုတဲ့ကောင်မလေးရောက်နေသည်မို့ လန့်သွားသည်။

"မေက အဲ့ဒီလောက်ရုပ်ဆိုးလား........."

"ခင်ဗျာ........မဟုတ် မဟုတ်ပါဘူး......ခုနက ဒီခုံမှာ ချမ်းယွန်းထိုင်နေတာလေ အခုကမေမီဆိုတော့.........."

"ချမ်းယွန်းက အလယ်မှာမထိုင်ချင်ဘူးဆိုတာနဲ့ မေတို့ခုံချင်းလဲလိုက်တာ.......Brownieသာ ဖုန်းကိုကြည့်ပြီး ပြုံးနေရတာနဲ့ပဲ မေတို့လဲလိုက်တာကိုမသိလိုက်တာမလား......."

မပြိုသည့်မိုး ( Completed )Where stories live. Discover now