အပိုင်း ( ၂၅ )

716 69 0
                                    

Unicode>>>>>

ဖြူက ချမ်းယွန်းကို နမ်းနေသတဲ့လား။ညို ရယ်လိုက်မိကာ လက်ခုပ်တီးပေးမိသည်။အ‌တော်တုံးလိုက်တဲ့ငါပဲ လို့ရေရွတ်လိုက်ရင်း လက်သီးဆုပ်ကို ကိုက်ကာ အသံတိတ် ရှိုက်ငိုနေမိတော့သည်။ဒီ သစ္စာမရှိတဲ့မိန်းမနဲ့ ကျင့်ဝတ်မရှိတဲ့ မိန်းမတွေ ကွာ။

"မေမီရယ် နင်ကလည်းလေ.........."

"လင်းလက် နင်ရော စိတ်မတိုဘူးလား Brownieအစားလေ.........ဟမ် ငါလေ အသားတွေတောင်တဆတ်ဆတ်တုန်မိတယ် နင်သိလား အဲ့ဒီမကောင်းတဲ့ စောက်ကောင်မတွေဟာ.........."

တစ်ခါမှ မဆဲဖူးတဲ့မေမီတောင် ချမ်းယွန်းတို့ကိုထဆဲနေတဲ့အပြင် လင်းလက်လည်း Brownieကိုသနားလွန်းလို့ နှစ်ယောက်လုံးကို နားရင်းတွေသာထရိုက်လိုက်ချင်တော့သည်။လုပ်ရက်လိုက်ကြတာကလည်း မေမီ ကျိန်ဆဲတာနဲ့လည်း ခံထိုက်သင့်တဲ့အထိ။

!ဒေါက် ဒေါက် ဒေါက်!

ညို မေမီတို့အခန်းတံခါးကို အရင်သွားခေါက်လိုက်မိ၏။

"Brownie.........."

"မေမီမျက်နှာက ဘာဖြစ်တာလဲ.........."

"ဟင် ဘာဖြစ်လို့လဲ ဘာမှတော့မဖြစ်ဘူးနော် Brownie........"

"နီစုတ်နေတာပဲ.......မှန်ထဲကြည့်လိုက်ဦး........"

"ပင်လယ်စာတွေ စားမိလို့ allergyထတာထင်တယ်......."

"သေချာသွားကြည့်လိုက်ပါဦး မျက်နှာကို......."

ညို ပြောရင်းနဲ့ပြုံးပြလိုက်တော့ အခန်းထဲပြေးဝင်သွားကာ မှန်သွားကြည့်နေပြန်သည်။လင်းလက်ကတော့ ညို့ကိုတစ်ခုခုကိုပြောစရာရှိတဲ့မျက်နှာနဲ့လာစိုက်ကြည့်နေသည်မို့ ညိုအကြည့်လွှဲနေလိုက်မိ၏။ လင်းလက်ပြောပြမယ့် အဲ့ဒီအကြောင်းတွေ ညိုမသိချင်ဘူး လင်းလက်ရယ်။

"Brownie.........ဘယ်တွေသွားနေတာလဲ တောသားလေး........."

"ဒယ်ဒီလာခေါ်လို့လေ အောက်ကိုခဏသွားလိုက်တာ..........ဖြူရော အိပ်နေပြီလား........"

"ငါမသိဘူးလေ သူအိပ်ယာပေါ်တော့လှဲနေတာပဲ..........."

ချမ်းယွန်း ဖြူ့ဆီကအနမ်းတွေရလိုက်တာမို့ စိတ်ကျေနပ်နေမိရင်း Brownieပုခုံးကိုပုတ်လိုက်ပြီး လင်းလက်တို့အခန်းထဲပြန်သွားလိုက်သည်။လင်းလက်နဲ့မေမီရဲ့မျက်နှာတွေကတော့ ချမ်းယွန်းကို မကြည်ကြတဲ့သဘောဆောင်နေသည်မို့ ချမ်းယွန်း ထရယ်မိလိုက်သည်။ဒီမိန်းမတွေက ငယ်ငယ်ကတည်းကခင်လာတဲ့ ချမ်းယွန်းထက် Brownieဘက်ကို ပါနေကြပါ့လားလို့လေ။

မပြိုသည့်မိုး ( Completed )Where stories live. Discover now