အပိုင်း ( ၂၃ )

692 68 0
                                    

Unicode>>>>>

ညို ဖြူကိုဖက်ထားရင်းနဲ့ လူကလုံးဝအိပ်မပျော်တော့။‌

"ဖြူ......../ကို............"

"ဖြူအရင်ပြော..../ကို အရင်ပြော........"

"ဖြူ ကို့ကိုချစ်သေးတယ်မလားဟင်........"

"ဘယ်လိုမေးလိုက်တာလဲကိုရယ် ချစ်တာပေါ့........"

ညို ဖြူ့ဆီကအဖြေကြားတာနဲ့ မျက်နှာကအလိုလိုပြုံးမိလာသည်။

"ဖြူရော ကို့ကိုဘာပြောမလို့လဲ ပြောလေ......."

"ကို ချမ်းယွန်းဆိုတဲ့ကောင်မလေးကိုဘယ်လိုမြင်လဲဟင်.........."

"ဒယ်ဒီ့ကောင်မလေးလေ ဘာလို့လဲဖြူရဲ့......."

"သူ ဖြူ့ကိုလာအီနေတယ်........."

"ဟမ်.........."

"ဖြူ‌လေ သူ့ကိုငြင်းလွှတ်ပါတယ် ဒါပေမဲ့လေ သူက ဇွတ်လုပ်လာတာနဲ့ ဖြူ ကို့ကိုပြောပြတာ........ကိုအထင်မလွဲပါနဲ့နော် ဖြူသိပ်ချစ်လို့ ကို့ကိုယုံကြည်လို့ ပြောပြတာ.........."

ဖြူ အရဲစွန့်ပြီး ညို့ကိုပြောပြလိုက်တော့ ညိုဘာမှပြန်မပြောပဲငြိမ်ကျသွားကာ ဖြူ့ရဲ့နဖူးလေးကိုအနမ်းလေးပေးလာသည်။

"ညို စိတ်ဆိုးသွားတာလားဟင်........"

"ဟင့်အင်း........ညိုပျော်နေတာပါ......ညို့ရဲ့ကောင်မလေးက ညို့ကိုပဲ ချစ်ပေးနေလို့လေ.........."

"ဖြူ ညို့ကိုပဲချစ်တာပါ ယုံနော်........."

"အင်းပါ ဖြူ့ကိုလည်း ကိုအရမ်းချစ်တယ်နော်........အိပ်ကြရအောင်နော်........."

ညို ဖြူ့ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းထားလိုက်ကာ အိပ်ယာဝင်ခဲ့လိုက်တော့သည်။ညို့ကို ဖြူချစ်နေသ၍ ဖြူ့ကို ဘယ်သူမှလာမထိအောင် ညိုကာကွယ်ပေးနေမိမှာပါ။

"မေမီထွန်းသက်........နင် နင့်ကောင်ကိုသွားပြောပြထားတယ်မလား.........."

"ဘာပြောရမှာလဲငါက........."

"မသိချင်ယောင်ဆောင်မနေနဲ့........နင့်ကောင်က နံ့သာနားကကို မခွာနိုင်ဖြစ်နေတာ သူတစ်ခုခုကိုသိသွားလို့ပဲ အဲ့ဒါနင့်ကြောင့်ပဲ........."

မပြိုသည့်မိုး ( Completed )Where stories live. Discover now