အပိုင်း ( ၁၉ )

680 70 0
                                    

Unicode>>>>>

"ဟဲလို လင်းလက်.........အေး မနက်ကျ ငါ့အိမ်လာခဲ့ပါ့လား ပြောစရာရှိလို့.........ဟင့်အင်း နင်ပဲအရင် စောလာခဲ့ သူ့ကိုခုနစ်နာရီချိန်းထားတာ.......အေး အေး......ဘိုင့်........"

ချမ်းယွန်း ရင်ထဲမွန်းကြပ်လွန်းလို့သေသွားနိုင်သည်။အချစ်ကအဲ့ဒီလောက်တောင် နာကျင်စေတာမျိုးလား။ဒီတစ်ညတော့ ဘယ်လိုမှ အိပ်လို့ရမှာမဟုတ်။မနက်ကျရင်လည်း Exam Resultက ထွက်လာဦးမည်။‌Resultကလည်း မျှော်လင့်ထားတဲ့အတိုင်းသာ ဖြစ်မလာရင် ချမ်းယွန်းသေပဲသေလိုက်တော့မည်။

!ဒေါက် ဒေါက် ဒေါက်!

"ဆန်းလေး.......ဆန်းလေး.......မြို့ပေါ်သွားရအောင်ဟေ့.......Resultသိရလောက်ပြီ......."

"ဟုတ် ဒယ်ဒီ........လာပြီဗျ........ဖြူ လာ သွားရအောင်.........."

ညိုတို့က ကျူရှင်စာကျက်ဝိုင်းမတက်ကြတာမို့ အခြားသူတွေလို စောမသိရ။မြို့ပေါ်သွားကြည့်မှသာ သိရတော့မည်။အခြားသူတွေနဲ့လည်း အဆက်အသွယ်ကမရှိကြသည်မို့။

"ဒယ်ဒီတွေ့လား.........ခင်လင်းတို့ရော ဘယ်ရောက်သွားကြပါလိမ့်......."

"အေး နေပါဦးကွ.......ဒယ်ဒီရှာနေတုန်း........."

"Congratulationsနော် ဆန်းရိပ်ညိုနဲ့ နံ့သာဖြူ........Resultကြည့်ပြီးကြပြီလား......."

"မကြည့်ရသေးဘူးဆရာမ........"

"ဪ ဟုတ်လား ဒါဆိုအရင်ကြည့်လိုက်ဦး ဆရာမ ကြိုမပြောပြတော့ဘူး........."

"ညို ဖြူတို့‌အောင်တယ်ထင်တယ်နော် ဆရာမပြောပုံအရ.........."

"အောင်တာကတော့ သိတာပေါ့ဖြူ.......ဂုဏ်ထူးပဲသိချင်တာ........"

"ညို ဘာဖြစ်နေတာလဲ........"

"ဘာဖြစ်လို့လဲဖြူရဲ့........."

"ဖြူ့ကိုအော်တယ်လေ.........."

"ကိုစိတ်လှုပ်ရှားနေလို့ဖြစ်မယ်.......တောင်းပန်တယ်နော်ဖြူ......ကို မုန့်ဝယ်ကျွေးမယ် စိတ်မဆိုးပါနဲ့ နော်.........."

"အင်း........."

"ဟေး......ဟေး.......နံ့သာလေးကိုတွေ့ပြီကွ........"

"ဟာ ဟုတ်လား ဒယ်ဒီ.......ဘယ် ဘယ်နှစ်ခုပါလဲဟင်..........."

"အင်္ဂလိပ်၊သင်္ချာ၊ဓာတု၊ရူပ၊ဇီဝတဲ့ ငါးခု........"

မပြိုသည့်မိုး ( Completed )Where stories live. Discover now