အပိုင်း ( ၁၃ )

754 89 0
                                    

Unicode>>>>>

ဆန်းရိပ်ညို။တွေ့မယ် နင်။ချမ်းယွန်းကို အခန်းထဲကနေနှင်ထုတ်သည်မို့ တော်တော်လေးတင်းသွားမိသည်။ဒီက သူ့ကိုကပ်ပြီး ကိုကြီးနဲ့‌နီးအောင်လုပ်ပါမယ်ဆိုမှ ဒင်းက အကြောတင်းနေပြန်သည်မို့။

"ယွန်းလေး.........ဆန်းလေး‌ရော မနိုးသေးဘူးလား........"

"နိုးပြီဘွား.......သမီးကို အခန်းထဲကနေထွက်သွားတဲ့ အော်လွှတ်တယ်........."

"ဟောတော်.......ကဲပါ ဘွားသွားခေါ်လာခဲ့မယ် ဟုတ်ပြီလား ယွန်းလေး.........."

"ဟုတ် ဘွား.........သမီးရော လိုက်ခဲ့မယ်ဘွားနဲ့........."

ချမ်းယွန်း ဘွားလက်ကိုတွဲလိုက်ရင်း တောသားလေးရဲ့အခန်းရှေ့ရပ်လိုက်ကာ တံခါး‌ခေါက်လိုက်ပြီးတာနဲ့ အထဲကိုလိုက်ဝင်သွားလိုက်သည်။ခုနကလိုအိပ်ယာပေါ်မှာမရှိပဲ ရေချိုးခန်းထဲကနေထွက်လာသည်မို့ ချမ်းယွန်းရပ်ကြည့်နေမိသည်။ဆံပင်အစိုကို သဘက်နဲ့ခါသုတ်ပြီး လူကို လှန်မော့ကြည့်လာတဲ့ပုံစံက ကိုကြီးနဲ့ချွတ်စွပ်တူသည်မို့။

"ဆန်းလေး.........ရေတောင်ချိုးပြီးပြီလား......"

"ဟုတ် ဘွား..........ဘွား ကျွန်တော့်ကိုပြောစရာရှိလို့လား........."

"အထွေအထူးတော့မရှိပါဘူးဆန်းလေးရယ်........ယွန်းလေးက ဆန်းလေးနဲ့အပြင်အတူတူသွားဖို့လာခေါ်တာတဲ့လေ......ဆန်းလေးလိုက်သွားပေးလိုက်ပါဦး........"

"ဟုတ်........ဘွား......"

"ကဲ ဒါဆို ဘွားအရင်သွားနှင့်ပြီနော်.......ခဏနေ ဆင်းလာခဲ့ကြ........."

"ဟုတ် ဘွား........သမီး ဆန်းလေးကိုခေါ်လာခဲ့မယ်........."

ညို ဘွားထွက်သွားတာနဲ့ ချမ်းယွန်းဆိုတဲ့ကောင်မလေးကို စိုက်ကြည့်လိုက်တော့ လျှာလာထုတ်ပြနေသည်မို့ သက်ပြင်းပဲချမိနေတော့သည်။ညို ဒီမှာရှိနေသ၍ ဒင်းက ညို့ကိုအကြောင်းပြပြီး ဒယ်ဒီတို့အိမ်ကို ဝင်ထွက်နေမှာကိုသိနေသည်။

"နင် အဲ့အတိုင်းကြီး လိုက်လာမှာလား........."

"ဘာဖြစ်နေလို့လဲငါက........."

"ပုံတုံးကြီးနဲ့ဟယ်.......နေဦး ငါကြည့်ပေးမယ် နင့်အဝတ်တွေဘယ်နားထားလဲ........."

မပြိုသည့်မိုး ( Completed )Where stories live. Discover now