အပိုင်း ( ၅ )

921 92 0
                                    

Unicode>>>>>

"သမီးဖြူရေ........ခဏလောက်"

"ဟုတ်ဖေဖေ ပြောစရာရှိလို့လား........"

"တံခါးပိတ်အိပ်ကြလို့ လာပြောတာ.......ဧည့်သည်တွေကို ဒီအပေါ်မှာပဲထားရမှာမလို့.........."

"ဟုတ် ဖေဖေ........."

ဖေဖေပြန်သွားတော့ ညိုက ပြုံးစိစိနဲ့လုပ်နေသည်မို့ ဘာဖြစ်တာလဲ မေးတော့ ရယ်ပဲရယ်နေသည်။

"ပြောလို့ ညို........ဘာရယ်တာလဲလို့........"

"ဪ ဦးစိုးလည်းလာရော ဖြူရောညိုရော လက်ကိုဆတ်ကနဲလွှတ်လိုက်မိကြတာလေ အဲ့ဒါရယ်ချင်တာပါ........."

"အဲ့ဒါတော့ ညိုကလည်း........စာကျက်ရင်းတောင် လက်ကိုင်ထားကြတယ်ဆိုပြီး ပြောနေမှာစိုးလို့ပေါ့........."

"အင်းပါ အင်းပါ........ဦးစိုးကဘာတဲ့လဲ......"

"တံခါးဂျက်ချအိပ်တဲ့........ဧည့်သည်တွေလည်း ဒီအပေါ်မှာပဲအိပ်ကြမှာမလို့တဲ့........"

"ဪ လိုက်ကာခြားဖို့ရော ပြောမသွားဘူးလား......."

"ပြောလည်း မခြားဘူးဒီနေ့တော့........ညို သိလား ဒီနေ့ညို့ကို ဖြူဖက်အိပ်မှာ........"

"ဘာလို့လဲ..........."

"ဘာလို့ရမှာလဲ သူငယ်ချင်းတွေပဲဟာ ဖက်အိပ်ချင်လို့ပေါ့........ ဖေဖေကလည်း ဘာမှန်းမသိ မိန်းကလေးချင်းကို လိုက်ကာခြားအိပ်ခိုင်းသေးတယ်........."

"ဪ အင်း အင်းပါ........."

ဖြူဖေဖေ့စိတ်ကို ညိုနားလည်ပါသည်။ညို့ကို ယောက်ျားလျာ လို့တွေး‌နေသောကြောင့် စာကျက်ဖို့သာအတူထားရပေမဲ့ စိတ်မချနေတာဖြစ်မည်။ဒီနေ့တောင် မဖြစ်သာလို့ တံခါးပိတ်အိပ်ခိုင်းခြင်းပင်။

ဖြူကရော ဖြူပြောတာတော့ သူငယ်ချင်းတွေပဲဟာတဲ့။ဖြူ့ပုံစံက တကယ်ကို ညို့အပေါ်သံယောဇဉ်သက်သက်တစ်ခုပဲရှိပုံရသည်မို့ ညို ဖြူ့ကိုဖွင့်ပြောဖို့ရာ အတော်လေးဝန်လေးလွန်းသည်။တော်ကြာ မိန်းကလေးချင်း ဖွင့်ပြောစရာလားဆိုပြီး မုန်းသွားမှဖြင့်။တော် တော် တော်ပြီ မပြောတာပဲကောင်းမည်......။

"ညို ငုတ်တုပ်အိပ်နေတာလား.......ညို ညိုလို့........"

"ဪ အင်း........ဖြူ ဘာလဲ......."

မပြိုသည့်မိုး ( Completed )Where stories live. Discover now