အပိုင်း ( ၁၄ )

739 86 0
                                    

Unicode>>>>>

"Brownie လာဦး ဒီကို..........အစ်ကိုရေ shoeအဖြူလေးရှိမလား ဒီsizeထဲကပဲ........"

"ဘာလဲဟာ........နင်ကတော့ တကယ်ပဲ ငါ့ပိုက်ဆံတွေအကုန်သုံးဖို့များ ကြံစည်နေတာလား.........."

"ဟဲ့ နင့်အိတ်ထဲက တစ်ပြားမှလည်း မသုံးရသေးပဲနဲ့..........."

ချမ်းယွန်း brownieအနားကပ်ကာ ပြောလိုက်တော့ အေးဟုတ်သားပဲ ဆိုပြီး ရယ်နေပြန်သည်။ဆံပင်ညှပ်တာရော နေ့လည်စာပါ ချမ်းယွန်းပဲရှင်းပေးတာကို ဒင်းက သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံကုန်မှာကြောက်နေသေးသည်။

"ညီ စီးကြည့်ပါဦး ကိုက်လားဆိုတာ.........ဟိုဘက်မှာ သွားထိုင်စီးလို့ရပါတယ်........."

"ဟုတ်ကဲ့ဗျ.........."

ညို ခြေထောက်ကို ကြွပ်ကြွပ်အိတ်စွပ်ပြီး ဖိနပ်အဖြူလေးကိုစီးကြည့်လိုက်သည်။ဖနောင့်က လျှိုမရဖြစ်နေတာနဲ့ ချမ်းယွန်းကို ရှက်ပြုံး ပြုံးလိုက်တော့ နောက်ထပ်sizeကြီးတာ ထပ်ယူလာပြီး စီးခိုင်းပြန်သည်။

"နင့်ဖိနပ်Sizeကလည်း ကြီးလိုက်တာ.........ငါမေးမယ် အမှန်အတိုင်းဖြေ......နင်မိန်းကလေးရောဟုတ်ရဲ့လား.........."

"မဟုတ်ဘူး ယောက်ျားလေး........."

ညို ပြန်ဖြေလိုက်ရင်း ထပ်ယူပေးလာတဲ့ဖိနပ်ကိုစီးကြည့်တော့ အတော်ဖြစ်သွားသည်မို့ ပြုံးမိသွားသည်။အဖြူလေးဖြစ်တာကြောင့် ညို ပိုပြီးသဘောကျမိသည်။

"အစ်ကို့ ဒါလေးယူမယ်........"

"ဟုတ်ပြီ ညီ........."

"ဟား....ဟား.......နောက်ဆုံးတော့ ကပ်စီးကုပ်ကြီးက ပိုက်ဆံထုတ်သုံးပြီပေါ့လေ........"

"နင်ရောဝယ်ချင်ဝယ်လေ.......ငါ့မှာအပိုပါသေးတယ်.......ခဏချေးပေးမယ်........"

"အမလေး အံ့ဩပါ့........ဝယ်ပေးမယ်ပြောမလားမှတ်ပါတယ် ချေးပေးမယ်တဲ့........"

"ဟာ ဟုတ်သားပဲ နင့်ဖိနပ်sizeဘယ်လောက်လဲ.........."

"မိန်းကလေးတစ်ယောက်ကို အဲ့ဒါမေးစရာလားဟဲ့........."

"မပြောဘူးလား မပြောဘူးဆိုရင် ငါ့ဘာသာငါကြည့်မယ်........"

ရုတ်တရက်ကြီး ချမ်းယွန်းရဲ့ ခြေကျင်းဝတ်ကိုလာကိုင်ကာ သေချာကြည့်နေသည်မို့ ရှက်မိနေသည်။ဆိုင်ထဲက ဝန်ထမ်းတွေကလည်း ကြည့်နေသည်မို့ Brownieကို ခေါင်းခေါက်ပစ်လိုက်တော့မှ ပြန်ထလာကာ ရယ်ကျဲကျဲလုပ်ပြလာသည်။

မပြိုသည့်မိုး ( Completed )Where stories live. Discover now