အပိုင်း ( ၂၇ )

743 66 0
                                    

Unicode>>>>>

ဖြူဟာလေ ဒီရွာမှာနေရင်ကို အလိုလိုချစ်စရာကောင်းလာတာလားမသိပါဘူး။

"Brownie နံ့သာ လာ လှဲကြလေ........."

"နေပါ လင်းလက် ရတယ်.......ဖြူတို့ အပြင်မှာအိပ်ကြမှာပါ........လင်းလက်တို့သုံးယောက် ဒီအခန်းမှာ အိပ်လို့ဖြစ်ရဲ့လား........"

"ဖြစ်ပါတယ်........./ မဖြစ်ဘူး........."

မေမီနဲ့ချမ်းယွန်းရဲ့ တပြိုင်တည်း မတူတာဖြေလာတဲ့စကားတွေကြောင့် ညိုရောဖြူရောဘာပြောရမလဲဖြစ်သွား၏။

"Brownie......Air-conမရှိရင် ငါမအိပ်တတ်ဘူးလေဟာ အဲ့ဒီတော့ လေသေချာရတဲ့နေရာမှာအိပ်မှဖြစ်မှာငါက........."

ချမ်းယွန်း အပြင်မှာပဲအိပ်ချင်တာနဲ့ အထွန့်တက်လိုက်တော့ ငတုံးကောင် ခေါင်းငြိမ့်လာကာ သဘောတူပေးလာ၏။

"မေမီနဲ့လင်းလက်ကရော........"

"မေတို့ကရပါတယ်........."

"အင်းပါ ဒါဆို ဖြူ.....အထဲမှာအိပ်လိုက် ကိုနဲ့ ချမ်းယွန်းက အပြင်မှာအိပ်မယ်........"

ဒီအရူးကတော့လေ။ငါက နင်နဲ့အိပ်စရာလား တောသားလေးရဲ့။

"နင်ကယုံရလို့လား တော်ပြီ တော်ပြီ ငါပဲအထဲမှာအိပ်တော့မယ်........."

ချမ်းယွန်း နှုတ်ခမ်းစူပုတ်ကာ စိတ်ဆိုးသွားတာကိုကြည့်ပြီး ညိုရယ်မိလိုက်၏။ညို့ရဲ့ဖြူကို တကယ်ကိုတပ်တပ်မက်မက်ကိုဖြစ်နေရှာတာပဲ ကျွတ် ကျွတ် ကျွတ်။

"စားကြ သမီးတို့........များများစားကြ......."

"ညို့.........."

ခင်လင်းအသံကြားတာနဲ့ ညို ထမင်းဝိုင်းကနေ ထသွားလိုက်ကာ ခင်လင်းကိုပြေးဖက်လိုက်သည်။

"ခင်လင်း မြတ်လင်း......စာရောလိုက်နိုင်ကြလား ဟမ်........."

"လိုက်နိုင်တာပေါ့ညိုရဲ့......ကိုကိုမြတ်လင်းသာလေ အပျင်းကြီးပြီး ကျောင်းဆက်မတက်ချင်ပါဘူး လုပ်နေတာ........."

"တက်လေကွာ မင်းကလည်း........မပျင်းပါနဲ့ ပျင်းရင် စာကျက်တာထက် ပင်ပန်းတာတွေ လုပ်ရလိမ့်မယ်........"

မပြိုသည့်မိုး ( Completed )Where stories live. Discover now