အပိုင်း ( ၇ )

807 94 0
                                    

Unicode>>>>>

"အခြေအနေ ဘယ်လိုလဲ..........."

"ဂုဏ်ထူးပေါ့ဒယ်ဒီရဲ့.........ဟုတ်တယ်မလား ဖြူ.........."

"ဟုတ်တယ် ဒယ်ဒီ.......Bioကတော့ အေးဆေးဂုဏ်ထူးရတယ်........."

"ကြွားစိန်လေးတွေ........ဒယ်ဒီ exam resultစောင့်ကြည့်ပြီးမှပဲ ယုံပေးတော့မယ်........"

"ဒယ်ဒီသဘောပဲဗျာ.........ဒါနဲ့ ဒယ်ဒီ ရွာကိုပဲပြန်တော့မယ်နော်.........ဖြူက မြို့မှာမလည်တော့ဘူးတဲ့..........."

"မင်းသားလေးနဲ့ မင်းသမီးလေးရဲ့ အမိန့်တော်အတိုင်းပါခင်ဗျာ........"

"ဟာဗျာ ဒယ်ဒီကလည်း........."

"လာ အိမ်ပြန်ကြစို့........ပစ္စည်းတွေသယ်ပြီးမှပဲ နေ့လည်စာစားပြီး ရွာကိုပဲတန်းပြန်ကြတာပေါ့.......ဟုတ်ပြီလား........."

"အဲ့ဒါကောင်းတယ် ဒယ်ဒီ.........ကျွန်တော်လည်း ကြီးတိုးတို့နဲ့ တွေ့ချင်နေတာကြာပြီ........."

ညိုတို့သုံးယောက် ပစ္စည်းတွေသိမ်း၊နေ့လည်စာစားပြီးကြတာနဲ့ ရွာကိုပြန်လာလိုက်ကြသည်။ဖြူတို့အိမ်ရှေ့ပဲ ကားကိုရပ်ထားလိုက်ကာ ညို့ရဲ့ပစ္စည်းတွေ ဝင်ယူဖို့ ပြင်လိုက်သည်။

ညို့ရဲ့ပစ္စည်းတွေက ဖြူတို့အိမ်တင်မက ကြီးတိုးတို့အိမ်မှာပါ ရှိသေးသည်။အဝတ်အစားတွေ များလို့ရယ်တော့မဟုတ်။လူက ဟိုအိမ်နေလိုက်၊ဒီအိမ်နေလိုက်နဲ့ဆိုတော့ အကုန်တကွဲတပြားဖြစ်နေသည်မို့။

"ညို........."

"အင်း ဖြူ ပြောလေ........."

"ဘယ်အချိန်တွေ့မလဲ........."

"အင်း အခုက နှစ်နာရီဆိုတော့.........လေးနာရီလောက်ပေါ့.........ညို လာခေါ်ပါ့မယ်ဖြူ့ကို........."

"ကတိနော်........."

"ကတိပါဖြူရဲ့.........ညိုက ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တာ သိသားနဲ့.........အဝတ်အစားလဲလိုက်ဦးလေ ဖြူရဲ့.......မပူဘူးလား........."

"ညိုလာခေါ်ခါနီးမှပဲ ရေချိုးရင်းတစ်ခါတည်းလဲလိုက်မယ်........."

"ဒီမှာ ချွေးတွေတောင်ပြန်နေပြီဟာကို.......လဲလိုက်တော့နော် လိမ္မာတယ် ကောင်မလေး........"

မပြိုသည့်မိုး ( Completed )Opowieści tętniące życiem. Odkryj je teraz