အပိုင်း ( ၆ )

859 95 2
                                    

Unicode>>>>>

"ညို........ဖြူတို့ဖြေနိုင်မှာပါနော်........."

"ဖြေနိုင်မှာပါဖြူရဲ့.......တအားစိတ်မလှုပ်ရှားနဲ့နော်..........ကို့ဦးနှောက်ကိုယုံကြည်ထား......ဟုတ်ပြီလား........."

"အင်းအင်း........ခြေဖျားလက်ဖျားတွေတောင် အေးလာသလိုပဲ........."

"ပေး..........."

ညိုကဖြူ့လက်ကိုဆုပ်ကိုင်ပေးထားသည်မို့ စိတ်ပူတာတစ်ဝက်တော့လျော့သွားသည်။ဖြူတို့နှစ်ယောက် မြို့ပေါ်လာနေတာ တစ်ပတ်လည်းပြည့်ပြီဖြစ်သလို ဒီနေ့ကမြန်မာစာ စဖြေရမယ့်နေ့မို့ စိတ်လှုပ်ရှားပြီး ရင်တွေလည်းတုန်နေမိသည်။

ညိုကတော့ ဘာမှထူးထူးခြားခြားမဖြစ်သလိုနဲ့ ကားပေါ်မှာငြိမ်လိုက်နေသည်။ညို့ရဲ့ဒယ်ဒီက ကျောင်းအကြိုအပို့လုပ်ပေးမယ်ဆိုပြီး မနေ့က ဖြူတို့လာနေတဲ့မြို့ကအိမ်ကိုရောက်လာသည်လေ။

"ကဲ ကားကဒီနားပဲရပ်ထားခဲ့ရမယ်ထင်ပါ့.......ဆန်းလေးရော နံ့သာလေးရော လာ ဆင်းကြတော့ ဒယ်ဒီကျောင်းအရှေ့နားအထိ လိုက်ပို့မယ်........."

"ဟုတ် ဒယ်ဒီ ဖြူ လာ ဖြေးဖြေးဆင်း.........."

"ကဲ လာ သွားကြစို့ ကလေးတွေ........."

ထိုက် ဆန်းလေးနဲ့ နံ့သာလေးတို့ကြားထဲကိုဖြတ်ဝင်လိုက်ပြီး နှစ်ယောက်လုံးရဲ့ပုခုံးကိုဖက်လိုက်ကာ ကျောင်းအရှေ့အထိလိုက်သွားဖို့ပြင်လိုက်သည်။

"ဒယ်ဒီ ဘာလို့အလယ်လာရပ်နေတာလဲ......လာ ကျွန်တော့်ဘက်လာရပ်.......ဖြူ့ကိုမဖက်နဲ့.........ဖြူ လာ ညို့လက်ကိုကိုင်ထား........"

"အမလေးဆန်းလေးရာ.........မင်းကောင်မလေးကို ငါဘာမှမလုပ်ပါဘူးကွာ.......ငါ့ချွေးမလေးအနေနဲ့ ဖက်တာပါကွာ......."

"ဘယ်လိုဖြစ်ဖြစ်ပါ.......ကျွန်တော်မကြိုက်လို့........"

ဆန်းလေး သဝန်တိုနေတာကိုကြည့်ပြီး ထိုက်အော်ရယ်မိတော့ ထိုက်ကို မျက်မှောင်ကြုံ့ပြီးကြည့်လာသည်။ဆန်းလေးက မိန်းကလေးဆိုပေမဲ့ ယောက်ျားလေးလိုပဲနေတာမို့ အချိန်တန်လျှင် မိန်းမပဲယူမယ်ဆိုတာ ထိုက်သိနေသည်။ထိုက်တို့ကိုယ်တိုင်ကလည်း LGBTထဲကမို့ ဆန်းလေးကိုလည်းနားလည်ပေးနိုင်သည်။

မပြိုသည့်မိုး ( Completed )Where stories live. Discover now