Unicode>>>>>
"မြတ်လင်း ချမ်းယွန်းရှိတယ်မလား......."
"ရှိတယ်ညို အိမ်ပေါ်မှာ....... တအားငိုနေလို့ ခင်လင်းချော့နေတယ်........."
"အေးအေး မေမီ လာ သွားရအောင်........"
ညို မေမီလက်ကိုတွဲသွားလိုက်ရင်း အိမ်ပေါ်ကိုတက်သွားလိုက်သည်။အိမ်ပေါ်ရောက်တာနဲ့ တရှုံ့ရှုံ့ငိုနေတဲ့ချမ်းယွန်းကိုတွေ့ရသည်။
"ချမ်းယွန်း........မငိုနဲ့တော့ ဆေးလိမ်းရအောင်........."
"Brownie........."
ရုတ်တရက်ကြီး ချမ်းယွန်း ညို့ကိုလာဖက်ကာငိုနေသည်မို့ ပြန်ဖက်ပေးထားလိုက်သည်။တော်တော်ကြာအောင်ငိုပြီးမှ တိတ်သွားကာ ပြန်လွှတ်ပေးလာ၏။
"ဆေးလိမ်းရအောင်ဟာ.......နင်နာနေလိမ့်မယ်.........."
"နံ့သာရော လိမ်းပေးပြီးပြီလား........."
"နင့်ကိုယ်နင် ဂရုစိုက်စမ်းပါချမ်းယွန်းရာ........."
မေမီက ချမ်းယွန်းကိုဆေးလိမ်းပေးနေသည်မို့ ညို ခင်လင်းကိုခေါ်ပြီး အောက်ပြန်ဆင်းလာလိုက်သည်။
"ဘာဖြစ်ကြတာလဲ ညို့ကိုသေချာပြောပြကြ..........."
"ခင်လင်းတို့က ညိုတို့အတွက် မနက်စာလာပို့တာ ဦးစိုးက ညိုကဘုန်းကြီးကျောင်းလိုက်သွားတယ်တဲ့.......မမနံ့သာဖြူကိုနှိုးပေးမယ်ဆိုပြီး အိမ်ပေါ်တက်သွားတာ........အဲ အဲ့ဒါ ဟိုအစ်မကြီးနဲ့ မမနံ့သာဖြူနဲ့ အိပ်ယာထဲမှာ ဟိုဟာ......."
"အင်း ရပြီ ခင်လင်း၊မြတ်လင်း ကျေးဇူးပဲကွာ............ငါ ခဏနေ ပြန်ခေါ်သွားမှာပါသူ့ကို.........."
"ရပါတယ် ဒီမှာပဲနေခိုင်းလိုက်ပါဦးလား ဦးစိုးက ကြည်ဖြူမှာမဟုတ်ဘူးနော် ညို........"
"ဖြစ်ရဲ့လား.........."
"ဖြစ်ပါတယ် တစ်ယောက်စာလောက်တော့........."
"အေး ဒါဆို ခဏခေါ်ထားပေးကွာ အဆင်ပြေရင်ငါပြန်လာခေါ်မယ် ဟုတ်ပြီလား..........."
ညို ခင်လင်းတို့နဲ့စကားပြောပြီးတာနဲ့ ကြီးတိုးဆီသွားကာ အကျိုးအကြောင်းအကြမ်းဖျင်းပြောထားလိုက်သည်။ခဏနေတော့ မေမီဆင်းလာသည်မို့ ခင်လင်းကိုချမ်းယွန်းအနားပဲ နေဖို့မှာခဲ့ပြီး ဖြူတို့အိမ်ဘက်ပြန်လာခဲ့လိုက်ကြသည်။
YOU ARE READING
မပြိုသည့်မိုး ( Completed )
Romanceငယ်စဉ်ကတည်းကပေါင်းသင်းလာခဲ့ပြီး သိပ်ချစ်ကြတဲ့ သူငယ်ချင်းချစ်သူနှစ်ယောက်ကြား ကောင်မလေးတစ်ယောက် အမှတ်မထင်ဝင်လာတဲ့အခါမှာတော့.......