Unicode>>>>>
"ညို့.......သမီးဖြူကိုလာခေါ်တာလား........"
"ဟုတ် ဒေါ်ဒေါ်........ဖြူ ရှိတယ်မလားဟင်......."
"ရှိတယ်ကွဲ့.........လာ ထိုင်ဦးလေ........"
"ဟုတ် မထိုင်တော့ပါဘူး........ဖြူ့ပဲခေါ်ပေးပါဒေါ်ဒေါ်........."
"အေးအေး........သမီးဖြူရေ.......ဖြူ ညိုရောက်ပြီနော် ဆင်းလာခဲ့တော့........."
သူရောက်တာသိသားပဲ။တမင်ကိုဆင်းမလာသေးတာ။လေးနာရီချိန်းထားတာကို လေးနာရီ ငါးမိနစ်ကျော်မှ ရောက်လာတယ်။ပညာကိုပေးဦးမယ် ညို့ကို။
"လာပြီ မေမေ..........."
"ဖြူ.......ဟီး......."
"ဘာလို့သွားဖြီးပြနေတာလဲ.......လာ သွားမယ်........."
"ဒေါ်ဒေါ် သွားလိုက်ပါဦးမယ်ဗျ........မမှောင်ခင် ဖြူ့ကို ပြန်ပို့ပါ့မယ်နော်........"
"အေးအေး ညို.......မင်းပါနေတာပဲဟာ ဒေါ်ဒေါ်စိတ်ချပါတယ်........."
"ဟုတ် ဒေါ်ဒေါ်........ဖြူ သွားရအောင်လေ......."
ညို့ကိုစကားတစ်ခွန်းမှပြန်မပြောပဲ ရှေ့ကနေ အတင်းသွားနေသည်မို့ ဖွင့်ပြောရမှာတောင်ခပ်လန့်လန့်ဖြစ်နေသည်။လေးနာရီနည်းနည်းလေးစွန်းသွားတာကို ဖြူစိတ်ကောက်နေတာများလား။ဒါမှမဟုတ် ရည်းစားစာတွေ့သွားလို့များလား။ညိုလျှောက်တွေးနေရင်း လက်ဖျားတွေတောင် အေးစက်လာသလိုပင်။
"နံ့သာဖြူ........ညီမလေး... အစ်ကို ညီမနဲ့ခဏလောက် စကားပြောချင်လို့........"
"သွားနှင့်........."
"ဖြူ ဖြစ်ပါ့မလား........ညို စောင့်ပေးမယ်လေ........."
"မလိုဘူး သွားနှင့်လိုက်........."
"အေးလေ သွားနှင့်ပါညိုရ........ငါ နံ့သာဖြူနဲ့အေးဆေးစကားပြောစရာရှိလို့ပါကွ........"
ဖြူ့ကိုကြိုက်နေတဲ့ ရွာကတောသူဌေးရဲ့သား ကိုဖြိုးမြတ်က စကားပြောချင်တယ်ပြောတာနဲ့ ညို့ကို ပထုတ်သည်မို့ ညိုရင်ထဲဝမ်းနည်းလာသည်။ဖြူ့ကိုကြည့်လိုက်တော့လည်း အတည်ကြီးပြောနေတဲ့ပုံနဲ့မို့ ညို မသွားချင်၊သွားချင်နဲ့ ရှေ့ကိုသွားနှင့်လိုက်သည်။
![](https://img.wattpad.com/cover/295220209-288-k868480.jpg)
YOU ARE READING
မပြိုသည့်မိုး ( Completed )
Romanceငယ်စဉ်ကတည်းကပေါင်းသင်းလာခဲ့ပြီး သိပ်ချစ်ကြတဲ့ သူငယ်ချင်းချစ်သူနှစ်ယောက်ကြား ကောင်မလေးတစ်ယောက် အမှတ်မထင်ဝင်လာတဲ့အခါမှာတော့.......