အပိုင်း ( ၂၉ )

872 70 1
                                    

Unicode>>>>>

!မီး မီး မီးလောင်နေတယ်ဗျို့..........!

"ကိုကိုမြတ်လင်း လုပ်ပါဦး မီးကတော်တော်စွဲနေပြီ ညို ညို့ကိုကယ်ပါဦး........."

ခင်လင်းတို့နှစ်ယောက် ဘယ်ကစလုပ်ရမလဲမသိခင် ဘေးအိမ်ကအော်သံကြောင့် ခင်လင်းတို့အိမ်ရှေ့ကို ရေပုံးတွေအသီးသီးယူလာတဲ့ လူအုပ်ကြီးရောက်လာပြီး မီးကူငြှိမ်းပေးနေကြသည်။

"ဗျို့ ကိုစိုးမြင့်........ကိုစိုးမြင့်ရေ.......လာပါဦး မတိုးတို့အိမ် မီးစွဲနေလို့........ညိုကအိမ်ထဲမှာအိပ်ပျော်နေတာတဲ့..........."

"ဘာ.........."

ဖြူ ကြားကြားချင်း လူကမတ်တပ်တောင်မရပ်နိုင်တော့။မေမီနဲ့လင်းလက်ရဲ့လက်ကိုတွဲပြီး ကြီးတိုးတို့အိမ်ဘက်ကို ဖေဖေ၊မေမေတို့နဲ့အတူ သွားလိုက်သည်။ကြီးတိုးတို့အိမ်ရှေ့ စုနေကြတဲ့လူအုပ်ကြီးကိုကြည့်ပြီး ဖြူ ခေါင်းတွေကိုက်လာသည်။

"မမ မမနံ့သာဖြူ........ညို ညို‌လေအခုထိ အိမ်ထဲကထွက်မလာသေးဘူး........."

မီးရှိန်ကလည်းတော်တော်ပြင်းနေတာမို့ အနားကပ်ဖို့တောင်မလွယ်ကူတဲ့အနေအထား။Brownieဘာမှမဖြစ်ပါစေနဲ့သာ မေမီတို့ဆုတောင်းနေရသည်။အိမ်ထရံပေါက်ကနေ ကျော်ခွပြီးတော့ဖြစ်ဖြစ်၊မီးမလောင်ခင် အိပ်ယာထသွားလိုက်တာဖြစ်ဖြစ် Brownieရယ် တစ်ခုခုလုပ်ပြီး မီးနဲ့လွတ်သွားတာပဲ ဖြစ်ပါစေ။မေမီနဲ့လင်းလက်မှာလည်း နံ့သာဖြူကိုပွေ့ထားရင်း ငိုနေရသည်။ရွာကလူတွေရဲ့မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့ချည်း ဖြစ်နေရှာ၏။

"ငါတို့ရဲ့အချစ်တော်ညိုကလေးကို ကယ်ကြပါဦးဟဲ့........လုပ်ကြပါဦး..........."

ကြီးမြိုင်ရဲ့အော်သံနဲ့အတူ ရွာကလူအကုန်လုံးရဲ့မျက်နှာမှာလည်း မျက်ရည်တွေစိုရွှဲနေကာ ညိုလွတ်ဖို့ရာကို ဆုတောင်းပေးနေမိကြသည်။ခဏနေတော့ မြို့ကမီးသတ်ကားရောက်လာပြီး ငြှိမ်းပေးတာမို့ မီးရှိန်မပြင်းတော့တာနဲ့ အိမ်ထဲ ဝင်ရှာပေးကြသည်။

"တွေ့ပြီ တွေ့ပြီဗျို့.......အသက်ရှူသေးတယ်ကလေးက..........ဆေးရုံကားအမြန်ခေါ်ပါ......."

မပြိုသည့်မိုး ( Completed )Tempat cerita menjadi hidup. Temukan sekarang