အပိုင်း ( ၃ )

976 108 0
                                    

Unicode>>>>>

"ကိုစိုးမြင့်.........ကိုစိုးမြင့်........."

"ဪ မတိုး........ကိုစိုးမြင့်က မြို့တက်သွားတယ် ဘာကိစ္စရှိလို့လဲ........."

"ရွာဦးကျောင်းက ဘုန်းဘုန်းက ညိုနဲ့ ကိုစိုးမြင့်ကိုကျောင်းခဏလာခဲ့ပါ ဆိုပြီး စကားပါးခိုင်းလိုက်လို့..........မန္တလေးမြို့ကဧည့်သည်တွေလာလို့ဆိုလားပဲတော်........"

"အေးအေး လွှတ်လိုက်မယ် မတိုးရေ......."

ဖြူတို့ မြို့ကနေပြန်အလာ ကြီးတိုးကို အိမ်မှာတွေ့ရသည်မို့ နှုတ်ဆက်လိုက်မှ ဘုန်းဘုန်းကစကားပါးခိုင်းလိုက်ကြောင်းသိရသည်။ထို့အတူ ဖြူစိတ်ထဲတစ်ခုခုဖြစ်လာမှာကြောက်လာမိပြန်သည်။ဇာတ်ကား‌တွေထဲကလို တစ်ယောက်ယောက်ကများ ညို့ကိုမွေးစားဖို့လာခေါ်တာများလားဆိုတဲ့အတွေးနဲ့.......။

"ညို.........ညို့မှာ မန္တလေးမြို့ကအသိရှိလို့လား..........."

"မရှိပါဘူးဖြူရဲ့.........ဘာလို့လဲ........."

"ဘာမှမဟုတ်ပါဘူး..........ဧည့်သည်လာတာကို ညို့ကိုခေါ်တယ်ဆိုတော့ ညိုနဲ့သိသလားလို့ပါ.........."

"ညိုသိတာ ရွာကလူတွေရယ်၊မြို့ကျောင်းကသူငယ်ချင်းတွေနဲ့ ဖြူပဲရှိတာလေ........."

"အင်းပါ........ညိုနဲ့ဖြူ တစ်နေရာစီဝေးသွားရင် ညို ဖြူ့ကိုမေ့မှာလားဟင်..........."

"မမေ့ပါဘူးဖြူရဲ့........ဖြူ့ကိုလည်းမမေ့ဘူး ဒီရွာလေးကိုလည်းမမေ့ဘူး.......ညို မြတ်နိုးရတဲ့အရာတွေကို ညိုမေ့စရာလားဖြူရဲ့........"

"အင်း ဟီး.........."

ညို ဖြေလိုက်တာ ဖြူတအားသဘောကျနေတယ်ထင်ပါရဲ့။စာ‌တွက်ရင်း ထထရယ်နေသည်မို့ အူမြူးနေတာလားတောင် ခဏခဏမေးယူရတဲ့အထိ။အမှန်တော့ ညိုလည်း ဖြူနဲ့ခွဲနေရမှာ မဖြစ်ချင်။ကျောင်းအတူတူတက်ရလျှင် ကောင်းမည်ဆိုတဲ့အတွေးလေးပဲ အမြဲတမ်းတွေးမိသည်။

"ညိုရေ........သွားရအောင်ဟေ့........"

"ညိုခဏသွားလိုက်ဦးမယ်နော် ဖြူ........"

"ဖြူ လိုက်ခဲ့ပေးရမလား.........."

"ရတယ်ဖြူ.........ဒါလေးပြီးအောင်ပြန်တွက်ထားလိုက်‌........အပြန်ကျ ညိုကြည့်ပေးမယ်နော်.........."

မပြိုသည့်မိုး ( Completed )Where stories live. Discover now