Chapter 1.1

8.6K 1K 32
                                    

ရှန်ကျင်းထျန်ကသူ့နားထင်ကိုကိုင်ပြီးတော့မြေကြီးပေါ်ကနေမတ်တပ်ရပ်လိုက်တယ်ခွေးတစ်ကောင်နဲ့လမ်းလျှောက်လာတဲ့ဦးလေးကြီးတစ်ယောက်က သူ့ကို တိရစ္ဆာန်ရုံထဲကမျောက်တစ်ကောင်လိုကြည့်သွားတယ် သူအဲ့ဒီဦးလေးကြီးက ရှန်ကျင်းထျန်ကသူ့ကိုယ်သူစကားပြောနေတာကိုမြင်သွားလောက်ပြီးရူးနေတာလို့ထင်လောက်တယ်


ရုတ်တရက်ကြီးသူခေါင်းမူးသွားသလိုခံစားရတယ် သူ့ရဲ့မူလမှတ်ဥာဏ်ကတဖြည်းဖြည်းပျောက်သွားပုံပေါ်ပြီး novelထဲကရှန်ကျင်းထျန်ရဲ့မှတ်ဥာဏ်တွေနဲ့အစားထိုးခံလိုက်ရတယ်

novelထဲကရှန်ကျင်းထျန်ကအသက်၂၀ရှိပြီဖြစ်တဲ့idolတစ်ယောက်ဖြစ်တယ် လွန်ခဲ့တဲ့၂နှစ်က အရည်အချင်းပြပွဲမှာနာမည်ကျော်လာပြီးအချစ်အတွက်အနားယူလိုက်တဲ့ စီးပွားရေးလောကကြီးရဲ့မင်းသားဖြစ်တဲ့ ရန်ချွီးရှီကိုချစ်မိသွားခဲ့တယ်

ရန်ချွီးရှီကသူ့ရဲ့*အသောက်အစားကင်းမှုကြောင့်ကျော်ကြားတယ် စာဖတ်သူတွေကသူ့ကို*ကြီးမြတ်သူ(Yang Paifang)လို့နာမည်ပြောင်ပေးကြတယ် စာရေးသူကသူ့ကိုခွေးထီးတစ်ကောင်ရဲ့ခါးနဲ့ခြေထောက်ရှည်တွေရှိတယ်လို့ဖော်ပြထားတယ်
(T/N sex caseမှာတော်တယ်လို့ပြောချင်တာပါ)
အဲ့ဒီလိုကြည်လင်သန့်စင်တဲ့ပုံပန်းသွင်ပြင်က အမြှောက်စာဇာတ်ကောင်လေးကိုထိ​တွေ့နိုင်ခွင့်ပေးမထားဘူး

ခြွင်းချက်အနေဲ့လရောင်ဖြူလေးတစ်ယောက်ဘဲရှိပါတယ်


စောနတုန်းကဖြစ်ပျက်ခဲ့တာတွေကိုသူသတိရသွားတယ် အမျိုးသားဇာတ်လိုက် ရန်ချွီးရှီ ကသူ့ကိုအိပ်ယာပေါ်ကဆွဲချပြီးတော့ ဆူခဲ့တယ်

"နောက်ဘဝမှာတောင် ငါမင်းကိုမထိနိုင်ဘူး ငါမင်းကိုဘယ်တော့မှချစ်မှာမဟုတ်ဘူး"

"ဘာဖြစ်လို့လည်းဆိုတော့ မင်းကသူ့ခြေဖျားကိုတောင်လုံးဝမမှီနိုင်လို့ဘဲ"

ဟား ဟား

ရှန်ကျင်းထျန်က သူ့တိုက်ခန်းကိုပြန်ဖို့ပြင်ထားတဲ့သူ့ကားဆီကိုလမ်းလျှောက်သွားလိုက်တယ်

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now