Chapter 12

4.5K 814 18
                                    

Author:Gong Zi Yu Ge

"ရှန်တုန့်ဟွားက အချစ်သစ်တွေ့သွားပြီလား? တစ်ယောက်ယောက်များအတိအကျသိကြလားဟင်?"

"သူတကယ်comebackလုပ်တော့မယ်ထင်တယ် ဟုတ်လောက်တယ်မလား? အခုတလောသူ့သတင်းတွေအရမ်းတက်နေတယ်"

"သူ့မိသားစုက ဒေဝါလီခံသွားပြီမဟုတ်ဘူးလား? ဘယ်လိုလုပ်သူ့မှာhot searchတွေဝယ်ဖို့ပိုက်ဆံအများကြီးရှိနေသေးတာလဲ!"

"ရှန်တုန့်ဟွားက အနုပညာလောကထဲက ထွက်သွားတာနှစ်တွေကြာနေပြီပေမဲ့ နတ်ဆိုးဆန်တဲ့ပုံရိပ်ကတော့မပြောင်းလဲသေးဘူး သွေးမုန်တိုင်းတွေက အနုပညာရပ်ဝန်းထဲဝင်ရောက်တော့မယ်!"

"နွားအိုမြက်နုကြိုက်ဘဲ လတ်ဆတ်တဲ့အသားတုံးလေးက အရမ်းချောတယ်လို့ငါထင်တယ်!"

"ရှန်တုန့်ဟွားက အခုမှအသက်၂၀ဘဲဲရှိသေးတာ နွားအိုမြက်နုကြိုက်ဆိုတာက ဘာကိုဆိုလိုတာလဲ!"

"ရှန်တုန့်ဟွားက ၂၀ဘဲရှိသေးတာလား???!"

"သေစမ်း ရှန်ကျင်းထျန်က ၂၀ဘဲဲရှိသေးတာဘဲ သူကအကြာကြီးပျောက်နေတာမဟုတ်ဘူးဘဲ"

"သူပွဲဦးထွက်တုန်းက ၁၈နှစ်ဘဲရှိသေးတာ!ငယ်ငယ်ရွယ်ရွယ်နဲ့ ပွဲဦးထွက်ခြင်းရဲ့အကျိုးကျေးဇူးဘဲ"

"ငါအားကျတယ်"

"ရှန်ကျင်းထျန်ရဲ့personalityကအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်နေတာ ငါတစ်ယောက်ထဲလား?အနုပညာလောကရဲ့ထိပ်ဆုံးအောင်မြင်နေချိန်မှာ သူကအချစ်အတွက်အနားယူခဲ့တယ် စိတ်ဒဏ်ရာတွေအများကြီးခံစားခဲ့ရပြီးတဲ့နောက် သူကအပြစ်တွေကိုပြန်ပေးဆပ်ဖို့ comeback လာဖို့ကြိုးစားနေတယ် ဘယ်လိုတောင်ကောင်းတဲ့ဇာတ်ကြောင်းလဲ *LJJကစာရေးဆရာတွေရေးထားတာဘဲဖြစ်ရမယ်!"

*LJJ (green Jinjiang) = jjwxcစာအုပ်တိုက်ကပါ

"ဒါက ပထမဆုံးအကြိမ်တစ်စုံတစ်ယောက်က အဲ့ဒီတုံးအတဲ့အကြောင်းအရာတွေကို ခပ်တည်တည်နဲ့ပြောတာငါကြားဖူးတာဘဲ အပေါ်ထပ်ကလူကgold powderဖြစ်ရမယ် ဟား ဟား ဟား ဟား"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now