Chapter 55

4.6K 833 77
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 55: ကြည်နူးအားရဖွယ်ကောင်းလိုက်တာ

မဒမ်ရန်ကထပ်ပြီးသေချာအောင်မေးလိုက်တယ်။
"မင်းတကယ်သွားမှာလား?"

ရန်ချွီးချီကပေါ့ပေါ့ပါးပါးမေးလိုက်တယ်။
"ကျွန်တော်တို့ဘယ်မှာသွားစားကြမလဲ?"

မဒမ်ရန်: "မသေချာသေးဘူး၊ သူဘယ်အချိန်ပြန်လာမှာလဲဆိုတာငါမှသေချာမသိတာ"

ရန်ချွီးချီက သူ့နှုတ်ခမ်းတွေကိုစေ့ပိတ်ထားမိတယ်။ သူ့ရဲ့ချွန်ထက်နေတဲ့မေးစေ့က အနည်းငယ်လှုပ်ရှားသွားတယ်။ သူခေါင်းမော့ကြည့်လိုက်တော့ သူ့အမေကသူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။

ချက်ချင်းဘဲ မဒမ်ရန်ကသူမအကြည့်ကိုပြန်ရုတ်သိမ်းလိုက်တယ်။ သူမပြုံးချင်နေတာကိုထိန်းချုပ်နေရပြီးသူမနှုတ်ခမ်းထောင့်တွေကတွန့်နေခဲ့တယ်။ phကအခုလေးတင်ချိတ်ဆက်သွားခဲ့တယ်။ ရှန်ကျင်းထျန်ရဲ့အသံကိုကြားလိုက်ရတာက သူမကိုယ်တိုင်မွေးထားတဲ့သားအရင်းနှစ်ယောက်ကမပေးနိုင်တဲ့ပျော်ရွှင်မှုတွေရလိုက်သလိုဘဲ။

phချပြီးတာနဲ့ သူမကရန်ချွီးချီကိုပြောလိုက်တယ်။
"မနက်ဖြန်ညအတွက်ကြိုတင်မှာထားလိုက်တော့၊ privacyကောင်းကောင်းရှိတဲ့ကောင်းတဲ့စားသောက်ဆိုင်ကိုရှာနော်၊ အခုရှောင်ကျင်းက နာမည်ကြီးစတားဖြစ်တေပြီ"

ရန်ချွီးချီကတိတ်နေတယ်။ သူ့ဘောင်းဘီအိတ်ကပ်ထဲလက်တစ်ဖက်ထည့်ထားရင်း phခေါ်ဖို့အပြင်ဘက်ထွက်သွားခဲ့တယ်။

"ညစာအဆင်သင့်ပြင်ထားတော့"
မဒမ်ရန်က အိမ်အကူကိုအေးဆေးစွာပြောလိုက်တယ်။ သူမကရန်ချွီးချီကို ဖန်ပြတင်းပေါက်ကနေလှည့်ကြည့်နေမိတယ်။

-

အချိန်နီးကပ်လာတာကိုတွေ့လိုက်ရတော့ ရှန်ကျင်းထျန်က ရှောင်ထန်ကိုမေးလိုက်တယ်။
"လူတွေဘယ်လောက်စောင့်နေကြတာလဲ?"

ရှောင်ထန်: "80,000ကျော်တယ်"

ရှန်ကျင်းထျန်က ဒါကဘာကိုဆိုလိုတာလဲဆိုတာသိပ်မသိဘူး။ သူ့အသိစိတ်ကသူ့ကိုပြောနေတာတော့
'လူအများကြီးဘဲ!'

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now