Chapter 20

5.1K 822 25
                                    


Author: Gong Zi Yu Ge


အလုပ်များတဲ့တစ်နေ့တာအပြီးမှာ နောက်ဆုံးဇာတ်ညွှန်းဖတ်ခြင်းပြီးဆုံးသွားခဲ့တယ် ရှန်ကျင်းထျန်က စိတ်ရောကိုယ်ရောပင်ပန်းလွန်းလို့ ကားထဲမှာထိုင်ရင်းအိပ်ပျော်သွားခဲ့တယ်

ကောင်းကင်ကြီးက နွေရာသီလိုမျိုးမှောင်မိုက်ပြီးအဆုံးသတ်သွားပြီး အမှောင်ထုကတော့ အရင်ဆုံးကျရောက်လာတဲ့အရာတစ်ခုဖြစ်တယ် ကောင်းကင်ရဲ့အနောက်ပိုင်းဟာ ခရမ်းရင့်ရောင်တိမ်တိုက်တွေနဲ့ပြည့်နေပြီး ရွှေဝါရောင်သစ်ရွက်တွေက ကြွေလွင့်တော့မလိုဖြစ်နေတယ် ရှန်ကျင်းထျန်က ကားပြတင်းပေါက်ကနေဝင်လာတဲ့လေညှင်းလေးကိုခံစားရင်း ထိုင်ခုံပေါ်မှီထိုင်နေတယ် သူ့နဖူးပေါ်ကျနေတဲ့ရှေ့ဆံပင်အနည်းငယ်က သူ့ကိုနည်းနည်းယားယံစေပေမဲ့ သူကမလှုပ်မယှက်ထိုင်နေတုန်းဘဲ

“နင်ရန်အိမ်တော်မှာနေထိုင်နေတော့ ရန်ချွီးချီနဲ့တွေ့ဖြစ်လား?"လီမေ့လန်က မေးလိုက်တယ်

“ခဏခဏဘဲ"ရှန်ကျင်းထျန်က အားနည်းစွာပြောလိုက်တယ်

လီမေ့လန် : “စိတ်မလှုပ်ရှားဘူးလား?"

“စိတ်လှုပ်ရှားတာပေါ့......"ရှန်ကျင်းထျန်က ပြောလိုက်တယ် "မင်းရဲ့နှလုံးသားမလှုပ်ရှားဘူးဆိုရင် မင်းလည်းသေမှာမဟုတ်ဘူး*"

(*Your heart doesn’t move, then you won’t die = it means to stop thinking about it.မတွေးမိဖို့ကြိုးစားရမယ်လို့ပြောတာပါတဲ့ အိုင်လည်းသိပ်နားမလည်ဘူး🤧)

ရှောင်ထန်က ရယ်လိုက်တယ်

လီမေ့လန်က ရယ်ရင်းပြောလိုက်တယ် "အမှန်အတိုင်းပြောရရင် အခုမင်းမိသားစုရဲ့စီးပွားရေးအခြေအနေက တော်တော်လေးဆိုးနေပြီလေ ငါ့မိသားစုအခြေအနေကလည်း သိပ်မကောင်းတော့ဘူး ငါ့မှာကလေး၂ယောက်ရှိသေးတယ် ငါနို့မှုန့်ဝယ်နိုင်ဖို့ ငါတို့၂ယောက်လုံးပိုက်ဆံကြိုးစားရှာမှဖြစ်မယ် ရန်ချွီးချီအကြောင်းမစဥ်းစားနဲ့တော့ သူသာနင့်ကိုကြိုက်မယ်ဆိုရင် အရင်တုန်းထဲက ကြိုက်ပြီးတာကြာလှပြီ"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now