Chapter 59

4.4K 798 66
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 59: ဘယ်သူကတိုက်စစ် ဘယ်သူကခံစစ်လဲ?

ရန်လီဇီက သူမစိတ်ပူနေတဲ့အရာတွေကအဆုံးမှာအမှန်ဖြစ်သွားလိမ့်မယ်လို့မထင်ထားမိခဲ့ဘူး။

ကျင်းထျန်ချုံးရင်းလိုင်းဆင်းသွားပြီးတစ်လကြာတော့ ကျိုးကျင်းက လီရှုအတွက်ကျောက်စိမ်းပြားကိုပြန်ပြင်ပေးတဲ့sceneလွှင့်ပြီးတာနဲ့ *ကျင်းထျန်မေကျင်းကအစားထိုးပေါ်လာခဲ့တယ်။ အတူတူစခရင်timeတွေအများကြီးပိုရှိလာပြီးတော့ ရင်းနှီးမှုကပိုနက်နဲလာပြီး CPအရှိန်အဟုန်ကတဖြည်းဖြည်းကြီးထွားလာတယ်။

(*ကျင်းထျန်က ရှန်ကျင်းထျန်ဖြစ်ပြီး မေ ကလှပသောပါပိုင်ချင်းကွမ်ကိုရည်ညွှန်းတာပါ၊ ကျင်းကကျပိုင်ချင်းကွမ်သရုပ်ဆောင်တဲ့ကျိုးကျင်းပါ)

မူလကရန်လီဇီနဲ့တွဲပေးထားတဲ့အမျိုးသားဇာတ်လိုက်ကိုလီရှုကအလစ်သုတ်သွားပြန်ပြီ......အဲ့ဒီမိနိးမစိုးလေးကတော့။ သူရဲကောင်းမအနေနဲ့ သူမမှာsceneတွေအများကြီးရှိပေမဲ သူမရဲ့တည်ရှိမှုကမထင်ပေါ်နိုင်တော့ဘူး။

DGLLကလီရှုရဲ့အိမ်ကွင်းဖြစ်လာခဲ့တယ်။

ဒရာမာကရိုက်ကူးရင်းဆက်တိုက်ထုတ်လွှင့်တဲ့ဒရာမာဖြစ်တာကြောင့် ဇာတ်ကွက်တွေကိုပရိတ်သတ်တွေရဲ့အမြင်နဲ့အကြံပြုချက်တွေအရညှိယူလို့ရတယ်။ လီရှုဇာတ်ကောင်ကအရမ်းတောက်ပလာတာကြောင့် သူကဒီနှစ်လူတိုင်းရဲ့စခရင်ပေါ်မှာ ဂန္တဝင်ဆန်တဲ့ကာရိုက်တာဖြစ်လာခဲ့တယ်။ ဇာတ်ညွှန်းရေးဆရာမမန်ရှောင်ရှန်းက သူ့အတွက်sceneတွေပိုပြီးထပ်ဖြည့်လာခဲ့တယ်။ အဲ့ဒါတွေကရန်လီဇီရဲ့သူရဲကောင်းမဇာတ်ကောင်ကိုမလွှမ်းမိုးနိုင်ပေမဲ့လည်း မန်ရှောင်ရှန်းကလီရှုကိုတောက်ပတဲ့ဇာတ်ဝင်ခန်းတွေအားလုံးကိုပေးခဲ့တယ်။

မန်ရှောင်ရှန်းက သူမအလိုရှိလို့ပြောင်းတာလား ဒါမှမဟုတ် ပရိတ်သတ်တွေရဲ့အလိုကိုဖြည့်တင်းပေးဖို့ပြောင်းတာလားဆိုတာရန်လီဇီကမသိတော့ဘူး။ DGLLရဲ့နောက်ပိုင်းsceneတွေနဲ့မူရင်းဝတ္ထုကြားမှာကွာခြားချက်တွေများလာတာကြောင့် စာအုပ်ပရိတ်သတ်တွေက စတင်ကန့်ကွက်လာကြတယ်။ ကံမကောင်းစွာဘဲ သူတို့ကဒရာမာဖန်တွေနဲ့ယှဥ်ရင်နည်းပါးတာကြောင့် သူတို့အသံတွေကလျစ်လျူရှုခြင်းခံထားရတယ်။ မန်ရှောင်ရှန်းဖန်တီးခဲ့တဲ့အသိသာဆုံးပြောင်းလဲမှုက လီရှုနဲ့ကျိုးကျင်းကြားကဆက်ဆံရေးဖြစ်တယ်။ သူတို့ရဲ့ချည်နှောင်မှုတွေကပိုနက်နဲလာပြီး သူတို့ခံစားချက်တွေကပိုရှုပ်ထွေးလာတယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now