Chapter27

4.6K 835 15
                                    


Author: Gong Zi Yu Ge

ရှန်ကျင်းထျန်ရိုက်ကူးရတဲ့အခန်းတွေကတစ်နေ့တာလုံးကြာမြင့်တယ်။ ရိုက်ကူးရေးကညမှာပြီးဆုံးသွားပြီးလူတိုင်းကမောပန်းနေကြတယ်။ ညမှာတော့ရိုက်ကူးရေးမရှိဘူးဖြစ်တယ်။

ပိုင်ချင်းကွမ်ကအရမ်းပင်ပန်းနေပေမဲ့လည်း သူကသူ့ဖန်တွေကိုနှုတ်ဆက်ဖို့သွားနေခဲ့သေးတယ်။

"ကော ကျွန်မတို့တစ်နေ့ကုန်ကောကိုစောင့်နေကြတာ"

သူတို့ကောထွက်လာတာကိုလွတ်သွားမှာစိုးလို့သူတို့အများစုကဘာအစားအစာမပြောနဲ့ရေတောင်မသောက်ခဲ့ကြဘူး။

ပိုင်ချင်းကွမ်ကပြုံးပြရင်းပြောလိုက်တယ်။
"အားလုံးအလုပ်ကြိုးစားခဲ့ကြပါတယ်"

"ကော ရုပ်ရှင်ရိုက်ရတာကအရမ်းခက်ခဲတာဘဲ!"

"ဒါကကောအတွက်ကျွန်မတို့ယူလာတဲ့လက်ဆောင်!"
"ကော ကျွန်မအတွက်လက်မှတ်ထိုးပေးလို့ရမလား?"

ကောင်မငယ်လေးအုပ်စုကစိတ်လှုပ်ရှားမှုနဲ့အတူအော်ဟစ်အားပေးနေကြတယ်။ အဲ့ဒီနားကနေရှန်ကျင်းထျန်စီးလာတဲ့ကားကဖြတ်သွားခဲ့တယ်။ ညလယ်ကြီးမှာပိုင်ချင်းကွမ်ကသူ့ဖန်တွေနဲ့ဓာတ်ပုံတွဲရိုက်နေရင်းသူ့ဖန်တွေကိုစိတ်ရှည်ညင်သာစွာဆက်ဆံနေတာကိုကားပြတင်းပေါက်နေသူကြည့်နေမိတယ်။

အဲ့ဒါကကြီးကျယ်ခမ်းနားလိုက်တာ

မဒမ်ရန်:"မင်းဘယ်မှာနေတာလဲဆိုတာပြောဦးလေ ငါတို့မင်းကိုလိုက်ပို့ပေးမယ်"

ရန်ယောင်ရွှမ်းကမေးလိုက်တယ်။
"မင်းတစ်ခုခုစားချင်တလား?"

မဒမ်ရန်:"ငါပြောချင်တာကငါတို့မင်းကိုညစာစားပြီးမှလိုက်ပို့ပေးမယ်လေ ငါတို့ဒါရိုက်တာကောင်းနဲ့အခြားလူတွေကိုချိန်းထားတယ် သီးသန့်အခန်းကိုတောင်ကြိုတင်မှာယူထားပြီးပြီ အဲ့ဒါကြောင့်ပြန်ဖျက်လို့မရတော့ဘူး"

သူမကသူ့အတွက်လမ်းဖောက်ပေးနေတယ်ဆိုတာရှန်ကျင်းထျန်သိတယ်။ သူကအနုပညာနယ်ပယ်ထဲမှာအကြာကြီးတစ်ကိုယ်တည်းရပ်တည်နေရတယ်။ ဒါကအခြားလူတွေရဲ့ကာကွယ်ပေးမှုကြောင့်ပျော်ရွှင်မှုကိုခံစားရတာပထမဆုံးအကြိမ်ဖြစ်တယ်။ သူအရမ်းစိတ်လှုပ်ရှားသွားခဲ့တယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now