Chapter 52

4.1K 763 16
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 52: ခင်ပွန်းpowderလာနေပြီ

*WROASNရဲ့မူရင်းဇာတ်ညွှန်းက အရမ်းကောင်းမွန်စွာရေးသားထားတယ်။ အဲ့ဒါကနွေးထွေးတယ်၊ ချုပ်တည်းထားတယ်၊ စိတ်ထိရှဖွယ်ဖြစ်တယ်။ သို့သော်လည်း ရှန်ကျင်းထျန်က ချွီးဟုန်ကဒီဇာတ်ညွှန်းကိုရေးပြီးတော့ဘာလို့ရင်းနှီးမြှုပ်နှံပေးမဲ့သူတွေရှာမရတာကိုနားလည်တယ်။ ဇာတ်ကွက်ကအရမ်းဗလာဆန်ပြီးထိုင်းမှိုင်းလွန်းနေတယ်။ ဇာတ်ရှိန်အတက်အကျကအရမ်းနည်းပါးလွန်းတယ်။ဇာတ်လမ်းကထိရှဖွယ်ဖြစ်နေပေမဲ့လည်း အဲ့ဒါကbox office အတွက်ကောင်းမွန်တဲ့ရုပ်ရှင်မဟုတ်ဘူး။
(*Welcome Rain On A Spring Nightပါအတိုကောက်ဘဲသုံးပါတော့မယ် ရှည်လို့ပါ😂)

ဒီရုပ်ရှင်သာထုတ်လုပ်ခဲ့ရင် အာရုံစိုက်မှုအများကြီးမရလောက်ဘဲ box office မှာလည်းရလဒ်မကောင်းလောက်ဘူး။ ရှန်ကျင်းထျန်က သူသာဒီရုပ်ရှင်မှာသရုပ်ဆောင်ရင် ရလဒ်ကကွာခြားလိမ့်မယ်လို့ခံစားမိတယ်။ သူ့ကိုယ်ပိုင်ကျော်ကြားမှုနဲ့ရေပန်းစားမှုနဲ့ဆို သူကရုပ်ရှင်ကိုပိုမြက်သာအောင်တွန်းပို့ပေးနိုင်ပြီး ပိုပြီးအာရုံစိုက်မှုရအောင်ဆွဲဆောင်နိုင်လိမ့်မယ်။

သူလီမေ့လန်ကိုပြောပြီးသွားတော့ လီမေ့လန်ကအံ့အားသင့်သွားပြီးမေးလာတယ်။
"နင်အဲ့ဒါကိုငြင်းမလို့မဟုတ်ဘူးလား?"

ရှန်ကျင်းထျန် : "ဇာတ်ညွှန်းက မူလဟာမဟုတ်ဘူးလေ၊ အဲ့ဒါကလုံးဝဝတ္ထုအသစ်ဘဲ၊ ကျွန်တော်ကျဲကိုပို့ပေးလိုက်မယ်"

အဲ့ဒါကိုလီမေ့လန်ဖတ်ပြီးသွားတော့ သူမကငိုရင်းနဲ့
"အဲ့ဒါကအရမ်းထိရှတာဘဲ"

ရှန်ကျင်းထျန် : "ဒီဇာတ်ညွှန်းကအရမ်းကောင်းတယ်မလား?"

သူမရဲ့ပရော်ဖက်ရှင်နယ်ကျတဲ့အမြင်ကိုအသုံးပြုပြီးတော့ လီမေ့လန်က ပြောလိုက်တယ်။
"အဲ့ဒါကရုပ်ရှင်ထက် ဝတ္ထုဖြစ်ဖို့ပိုသင့်တော်တယ်၊ ဘာ်လိုဖြစ်ဖြစ် နင်ရွေးဖို့ဆုံးဖြတ်ထားရင် ငါသဘောတူတယ်၊ ငါ့အမေကအယ်ဇိုင်းမားရောဂါကြောင့်ဆုံးပါးသွားခဲ့ရပြီး အဲ့ဒါကအရမ်းလက်တွေ့ကျကျဖော်ပြထားတယ်၊ ချွီးဟုန်ကအဲ့ဒီနေရာမှာအတွေ့အကြုံရှိတဲ့သူတစ်ယောက်ဖြစ်သင့်တယ်"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now