Chapter 48

4.4K 790 51
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 48: ကိုယ့်ကိုကိုယ်ထိန်းသိမ်းနိုင်စွမ်းရှိသောယောကျ်ား

"Ding dong." ရင်းနှီးနေတဲ့အသံက ရှန်ကျင်းထျန်ကိုသူ့စာသားတွေမေ့သွားလုနီးပါးဖြစ်စေခဲ့တယ်။

"Congratulations မင်းနောက်ထပ်6မှတ်ရရှိသွားပြီးစုစုပေါင်း9မှတ်ရှိပါပြီ"
ရှောင်မေကအေးစက်နေတဲ့အသံနဲ့ပြောလိုက်တယ်။

နောက်ဆုံးအကြိမ်တုန်းက သူကညလယ်ကြီးမှာရှင်းမပြနိုင်လောက်တဲ့အမှတ်3မှတ်ရရှိခဲ့တယ်။ ဘာတွေဖြစ်နေတာလဲဆိုတာရှန်ကျင်းထျန်လိုက်မမီတော့ဘူး။ ချက်ချင်းသူ့ခေါင်းကိုလှည့်လိုက်ပြီး ပိုင်ချင်းကွမ်ကိုကြည့်လိုက်တော့ ပိုင်ချင်းကွမ်ကလည်းသူ့ကိုတိတ်ဆိတ်စွာကြည့်နေပြီး ဇာတ်ဝင်ခန်းထဲမှာရှိသင့်တဲ့မျက်နှာအမူအယာအတိုင်းအတိအကျဘာခံစားချက်မှသူ့မျက်နှာပေါ်မှာဖော်ပြမထားဘူး။

"အဲ့ဒါကလရောင်ဖြူလေးရဲ့ငါ့အပေါ်နှစ်သက်မှုလား?"
ရှန်ကျင်းထျန်ကမေးလိုက်တယ်။

ရှောင်မေ: "အမ်း"

ရှန်ကျင်းထျန် : "အမ်း?"

systemရဲ့လက်ထောက်တစ်ယောက်ကဒီလိုမျိုးပြောတယ်ဆိုတာမယုံနိုင်ဘူး။ အဲ့ဒါကသူ့ကို....."အမ်း"လို့ပြောရတာမးအကြိုက်ဆုံးဖြစ်တဲ့ ရန်ချွီးချီကိုတွေးမိသွားစေတယ်!

ဒီအသံကရေခဲတုံးတစ်တုံးလိုမျိုးအရမ်းအေးစက်မနေဘူးလား?ရှောင်အိုက်၊ မြန်မြန်ပြန်လာပါတော့!

"ရှောင်အိုက်က အချိန်တစ်ခုလောက်ပြန်မလာနိုင်သေးဘူး၊ သူပြန်မလာခင်မှာ ကျွန်တော်ကမင်းကိုအမှုထမ်းပေးမှာပါ"
ရှောင်မေကအေးစက်စွာပြောလိုက်တယ်။
"အခြားဘာကိစ္စမှမရှိရင် ကျွန်တော်အရင်လိုင်းဆင်းတော့မယ်"

"မင်းတစ်မိနစ်လောက်စောင့်ဦး"
ရှန်ကျင်းထျန်ကမြန်မြန်မေးလိုက်တယ်။
"ဒီတော့ အရင်ညတုန်းကရခဲ့တဲ့3မှတ်ကအခု6မှတ်ရတဲ့ဟာနဲ့အတူတူဘဲမလား?ငါ့အပေါ်လရောင်ဖြူလေးရဲ့နှစ်သက်မှုကတိုးလာတာလား?"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now