Chapter 51

4.5K 737 17
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 51: ရုပ်ရှင်ပိုင်မုန့်လေးလာနေပြီ

လီမေ့လန်:"နင်ဒီရုပ်ရှင်ကိုရွေးချင်တာသေချာပြီလား?"

ရှန်ကျင်းထျန်: "ဇာတ်ညွှန်းကိုအရင်ပြီးအောင်ဖတ်ကြရအောင်၊ ကျွန်တော်နာမည်ကိုတော့တော်တော်ကြိုက်တယ်"

လီမေ့လန်: “နင်ရွေးလိုက်တာကိုငါမထောက်ခံဘူးနော်၊ အဲ့ဒါကpersonalityကိစ္စမဟုတ်ဘူး၊ သရုပ်ဆောင်ကောင်းတစ်ယောက်က ဇာတ်ညွှန်းကိုကြည့်သင့်တယ်၊ ကာရိုက်တာတွေကိုမကြည့်သင့်ဘူး၊ လီရှုကဗီလိန်ဆိုတာငါသိပေမဲ့ ဒီကာရိုက်တာကအရမ်းမကောင်းဘူး၊ အရေးအကြီးဆုံးအရာက နင်ကယောကျ်ားတွေကိုကြိုက်ရတဲ့ဇာတ်ကောင်ကိုထပ်ပြီးသရုပ်ဆောင်တော့မှာလေ၊ နင်သာဒီလိုတူညီတဲ့ဇာတ်ကောင်တွေကိုဘဲထပ်ခါထပ်ခါသရုပ်ဆောင်နေမယ်ဆိုရင် နင်အဲ့ကာရိုက်တာတွေကိုမချိုးဖျက်နိုင်တော့မှာငါစိုးရိမ်မိတယ်"

လီမေ့လန်ကရှန်ကျင်းထျန်ကိုအကြံပေးဖို့တုံ့ဆိုင်းနေမိတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဓိကအားဖြင့်ရှန်ကျင်းထျန်ကသာမန်သရုပ်ဆောင်တွေနဲ့မတူတာကြောင့်ဘဲ။ သူကဗီဒိုထဲကထွက်လာပြီးပြီဖြစ်ပြီး တစ်ကမ္ဘာလုံးကသူကယောကျ်ားတွေကိုကြိုက်တယ်ဆိုတာသိကြတယ်။ ကာရိုက်တာပုံစံတစ်မျိုးထဲကိုဘဲသရုပ်ဆောင်နေရတာက သာမန်ရိုးဂှင်းတဲ့ကာရိုက်တာတွေကိုဘဲထပ်တလဲလဲသရုပ်ဆောင်ရတာထက်ပိုပြီးလေးနက်တယ်။

သူသာဒီလိုအလုပ်မျိုးကိုလက်မခံဘူးဆိုရင်တောင် အနာဂတ်မှာသူကယောကျ်ားမိန်းမအချစ်ဒရာမာတွေထဲမှာသရုပ်ဆောင်တာနဲ့မတူဘူး။

ရှန်ကျင်းထျန်အိမ်ပြန်ရောက်တော့ သူကနွေဦးညတစ်ညမှာမိုးကိုကြိုဆိုပါတယ်ရဲ့ဇာတ်ညွှန်းကိုဖတ်ပြီးသွားပြီး နောက်တစ်နေ့မှာလီမေ့လန်ကိုphခေါ်လိုက်တယ်။
"ဒီရုပ်ရှင်အကြောင်းမေ့လိုက်တော့"

“ဘာဖြစ်လို့လဲ?"
လီမေ့လန်ကအရမ်းသိချင်နေမိတယ်။ ပြောရရင် ဒါကသူတို့လက်ခံရရှိတဲ့ပထမဆုံးဇာတ်ညွှန်းဘဲဖြစ်တယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now