Chapter 42

4.6K 1K 35
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 42: ကြည့်ဦး ရှန်ကျင်းထျန်ကြီးဟ!

လီမေ့လန်ကMonsoon Entertainmentကိုအားကျမိတယ်။ သူတို့က သူတို့ရဲ့hype တဲ့နည်းလမ်းတွေကိုဘယ်လိုဖန်တီးရမလဲဆိုတာတကယ်သိကြတယ်။ CPပရိတ်သတ်တွေက နာမည်ကြီးလာဖို့အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ အခုရှန်ကျင်းထျန်နဲ့ကျန့်စီချီရဲ့CPကမြင့်တက်လာပြီဖြစ်တာကြောင့် သဘော်ကိုရေစီးအတိုင်းတွန်းပို့ပြီးမားကတ်တင်းဆင်းဖို့အချိန်ဘဲ။ အဲ့ဒါကနှစ်ဦးနှစ်ဘက်အကျိုးရှိလိမ့်မယ်။

လီမေ့လန်ကရှန်ကျင်းထျန်ကိုသူ့အမြင်ကိုမေးလိုက်တယ်။ သူတုန့်ပြန်လာတာက
"ကျွန်တော်ပူးပေါင်းမယ်"

"အချို့လူတွေကတော့နင်ကCPရောင်းနေတာလို့ပြောလောက်တယ်နော်"
လီမေ့လန်ကသတိပေးလိုက်တယ်။

ရှန်ကျင်းထျန်ကနှာခေါင်းရှုံ့လိုက်ရင်း
"

ကျွန်တော်အဲ့ဒီကောမန့်တွေရပြီးပြီဘဲ၊ ဒါ့ကြောင့်ကျွန်တော်အဲ့ဒီသူတွေကိုဂရုမစိုက်ဘူး၊ သူတို့ကမားကတ်တင်းမဆင်းဘဲ hypeမလုပ်ဘဲစပွန်ဆာမယူဘဲနာမည်ကြီးနိုင်တဲ့ကြာပန်းဖြူတွေကိုဘဲယုံကြည်ကြတာ၊ *ရွှေရောင်သခင်ကြီးကိုမှီခိုနေတာနဲ့ယှဥ်ရင် အနည်းဆုံးတော့ကျွန်တော်ကကိုယ့်အားကိုယ်အားကိုးပြီးအခြားလူတွေရဲ့ကျော်ကြားမှုကိုအသုံးမချဘူးလေ၊ ထုတ်လွှင့်တဲ့အချိန်တွင်းမှာ အခြားသရုပ်ဆောက်တွေနဲ့ကျွန်တော့်ဆက်ဆံရေးကပိုပြီးသာမန်မကျနိုင်တော့ဘူးလေ၊ ကျွန်တော်ဘယ်တော့မှတစ်စုံတစ်ယောက်နဲ့ချစ်ဟန်မဆောင်ခဲ့ဘူး၊ အဲ့ဒါအပြင် ကျွန်တော်ကနာမည်ကြီးချင်ရုံဘဲလေ"
(*it means sugar daddy)

လီမေ့လန်ကဝမ်းသာနေမိတယ်။ ရှန်ကျင်းထျန်ပြန်လာပြီးထဲက အရာအားလုံးကချောချောမွေ့မွေ့ဖြစ်နေတယ်လို့သူခံစားမိတယ်။ ရှန်ကျင်းထျန်ကပူးပေါင်းမှုဒီဂရီကတောင်ကအရင်ကထက်ပိုပြီးမြင့်တက်လာခဲ့တယ်။ အတိတ်တုန်းက ရှန်ကျင်းထျန်ကအရမ်းတဇွတ်ထိုးနိုင်ပြီးအေးဂျင့်တစ်ယောက်အနေနဲ့သူမအတွက်ခက်ခဲအောင်လုပ်တဲ့အရာတွေကိုဘယ်တုန်းကမှမစဥ်းစားပေးခဲ့ဘူး။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now