Chapter 31

4.8K 840 20
                                    

Author: Gong Zi Yu Ge

Chapter 31: မူးချင်ယောင်ဆောင်ခြင်း

ရှန်ကျင်းထျန်က အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။ သူ့နှလုံးသားထဲကစိတ်လှုပ်ရှားမှုတွေကိုထိန်းချုပ်ပြီးသူရှိသင့်တဲ့အခြေအနေမရောက်ခင်အထိခဏလောက်မြူးထူးနေခဲ့တယ်။ သူ့ကိယ်သူမှန်ထဲပြန်ကြည့်လိုက်တော့ သူ့မျက်လုံးတွေကနည်းနည်းနီနေသေးတယ်။

မျက်ရည်တွေမရှိတော့ပေမဲ့ သူ့မျက်လုံးတွေကတော့ဖောင်းနေတုန်းဘဲ။ သူကဒီနေ့သူ့မျက်နှာကိုအရမ်းဖြူဖျော့ပြီးအပြစ်ကင်းစင်တဲ့ပုံစံရအောင်ပေါ့ပါးတဲ့မိတ်ကပ်လိမ်းထားခဲ့တယ်။

သူ့လက်တွေကိုဆေးကြောပြီး သူ့ခံစားချက်တွေငြိမ်လာတော့ သန့်စင်ခန်းထဲကထွက်လာတော့ရန်ယောင်ရွှမ်းနဲ့မျက်နှာချင်းဆိုင်မိသွားတယ်။ သူ့ကိုမြင်တော့ရန်ယောင်ရွှမ်းရဲ့မျက်လုံးတွေကအရမ်းပူပြင်းတောက်လောင်နေတယ်။ ပထမဆုံးအကြိမ်ပရိတ်သတ်တစ်ယောက်ရဲ့ချစ်ခင်ခြင်းနဲ့စိတ်အားထက်သန်မှုတွေကိုရန်ယောင်ရွှမ်းရဲ့မျက်လုံးထဲမှာရှိနေတာကိုသူတွေ့လိုက်ရတယ်။

ရှန်ကျင်းထျန်ကပြုံးပြလိုက်ရင်း
"မင်းဒီမှာရှိနေသေးတာငါမေ့သွားတယ် အရမ်းနောက်ကျနေပြီ မင်းမပြန်သေးဘူးလား?"

ရန်ယောင်ရွှမ်း:"မင်းရဲ့အလုပ်က၁၀နါရီမှာပြီးမယ်လို့ပြောခဲ့တယ်မလား? ငါတို့အတူတူညစာစာရအောင်လို့ငါမင်းကိုစောင့်နေခဲ့တာ"

ရန်ယောင်ရွှမ်းကသူ့ကိုတစ်နေ့လုံးစောင့်နေရတာကိုသိလို့ ရှန်ကျင်းထျန်ကမငြင်းဆန်နိုင်ခဲ့ဘူး။
"အိုခေ"

ရန်ယောင်ရွှမ်းက သူ့နောက်ကလိုက်လာရင်းနဲ့
"ရှောင်ကျင်း မင်းအရမ်းသရုပ်ဆောင်ကောင်းတာဘဲ"

သူ့သရုပ်ဆောင်စကေးတွေနဲ့ဖမ်းစားခံလိုက်ရတဲ့နောက်တစ်ယောက်ဘဲ!ဒီလိုချီးမွမ်းမှုတွေကသူ့ရုက်ရည်ကိုမြှောက်ပြောတာထက်ပိုကောင်းမွန်တယ်လို့ရှန်ကျင်းထျန်ကခံစားမိတယ်။ သူကရန်ယောင်ရွှမ်းကိုပြုံးပြလိုက်တယ်။ ရှန်ကျင်းထျန်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတောက်ပရွှန်းလဲ့နေတယ်။ တောက်ပဖြူစင်နေတဲ့အပြုံးတစ်ခုရှိတဲ့တည်ငြိမိပြီးယုံကြည်ချက်ပြင်းထန်တဲ့ပုံရိပ်လေး။ ရန်ယောင်ရွှမ်းရဲ့နှလုံးသားကအရိုင်းဆန်စွာခုန်ပေါက်နေခဲ့တယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now