Author: 公子于歌 / Gong Zi Yu Ge
Chapter 62: ကျိုးကျင်းရဲ့သေဆုံးခြင်း
ဒီနေ့ပိုင်ချင်းကွမ်က ညှိုးမှိုင်လွမ်းဆွေးနေခဲ့တယ်။ လအနည်းငယ်ကြာရိုက်ကူးရေးအပြီးမှာ သူကDGLLရိုက်ကူးရေးအဖွဲ့နဲ့နက်နဲတဲ့ရင်းနှီးမှာတည်ဆောက်ခဲ့ပြီဖြစ်တယ်။ ဒါကသူရိုက်ကူးခဲ့တဲ့အချိန်အကြာဆုံးနဲ့အာရုံစိုက်အထားဆုံးဒရာမာဖြစ်ပြီး ဒီရိုက်ကူးရေးအဖွဲ့ကနေ အတွေ့အကြုံတွေအများကြီးရရှိခဲ့ရတယ်။
ကျိုးကျင်းရဲ့သေဆုံးမှုကိုသူလွန်ခဲ့တဲ့နှစ်ရက်ထဲကသိထားပြီး ဒီနေ့အဲ့ဒီsceneတွေကိုရိုက်ကူးရမယ်ဆိုတာသိထားပြီးသားဖြစ်တယ်။ ပထမတော့သူအံ့သြသွားမိတယ်။ မူရင်းဝတ္ထုမှာဆို အင်ပါယာအရှင်တစ်ယောက်အနေနဲ့ သူကနှစ်အနည်းငယ်နေရဦးမှာဆိုပေမဲ့ ဇာတ်ညွှန်းရေးဆရာမက သူ့ကိုနှစ်ပိုင်းစောပြီးofflineလုပ်ဖို့ပြောခဲ့တယ်။
အရင်အပတ်က သူတို့ကဒါရိုက်တာတွေနဲ့ဇာတ်ညွှန်းရေးဆရာမတွေက အဆုံးသတ်ကမူရင်းနဲ့တစ်နေရာရာတော့ကွဲလွဲလိမ့်မယ်လို့ကောလဟာလတွေကြားခဲ့ရတယ်။ အထူးသဖြင့်နည်းနည်း ဒါမှမဟုတ်များများပြောင်းလဲပြီးသွားတဲ့အဓိကဇာတ်လိုက်တွေရဲ့အဆုံးသတ်ဖြစ်တယ်။ ထုတ်လုပ်သူတွေကရက်အနည်းငယ်ကြာအောင်ဒီကိစ္စကိုဆွေးနွေးခဲ့ကြပြီး မနေ့ကသူတို့ကadaptionရဲ့စီစဥ်ထားတဲ့အတိုင်းအဆုံးသတ်အတိုင်းရိုက်ကူးမယ်လို့ဆုံးဖြတ်လိုက်ကြတယ်။
ဒါက ratingတွေကိုထည့်တွက်ထားတာဖြစ်တယ်။ မူရင်းဝတ္ထုရဲ့အဆုံးသတ်ကို လူတိုင်းသိတာကြာလှပြီ။ ပြန်ရိုက်ကူးမှုမှာ ပရိတ်သတ်ကဒရာမာထဲကကာရိုက်တာတွေကိုအာရုံစိုက်နေကြတယ်။ အထူးသဖြင့် နာမည်ကြီးနေတဲ့လီရှုရဲ့နောင်ဆုံးအဆုံးသတ်က ratingကိုစံချိန်အသစ်အထိတွန်းပို့ပေးနိုင်လိမ့်မယ်။
လီရှုလိုင်းဆင်းသွားပြီးတော့ အနာဂတ်မှာသူရဲကောင်းမနဲ့အင်ပါယာအသစ်ကိုသေချာရိုက်ကူးရမဲ့sceneတွေရှိလိမ့်မယ်။ ဒရာမာကမူလဇာတ်ကွင်းအတိုင်းရိုက်ကူးရသ် ပရိတ်သတ်တွေရဲ့ကြည့်ရှုနှုန်းကကျဆင်းသွားလိမ့်မယ်လို့ခန့်မှန်းထားကြတယ်။ အဲ့ဒီလိုမဖြစ်အောင်ကာကွယ်ဖို့ အစထဲကဇာတ်ညွှန်းရေးဆရာမမန်ရှောင်ရှန်းက နောက်ဆုံးအပိုင်းတစ်ချို့ကိုဖန်တီးထားခဲ့တယ်။
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Humorကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...