Chapter 107

881 118 9
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 107: President Yan Strikes

ရန်ချွီးချီရဲ့ကားထဲထိုင်လိုက်တာနဲ့ ဒီကားမှာဘဲရနိုင်တဲ့အနံ့တစ်ခုကိုခံစားမိလိုက်တယ်။ အထူးသဖြင့် အခုရှန်ကျင်းထျန်ထိုင်နေတဲ့နေရာမှာ။ အဲ့ဒါကရန်ချွီးချီပုံမှန်သုံးနေကျဖြစ်တဲ့ရေမွှေးရဲ့ခပ်ဖျော့ဖျော့အနံ့ဖြစ်တယ်။ ရှန်ကျင်းထျန် ပင်ပန်းနေခဲ့တယ်။ မနေ့ကသူကောင်းကောင်းမအိပ်ခဲ့ရဘူး။ အခုကားထဲမှာထိုင်နေရင်း သူကအိပ်ငိုက်လာခဲ့တယ်။

ရန်မိသားစုရဲ့ဗီလာက သူနေနေတဲ့ဟိုတယ်နဲ့ဝေးတယ်။ သူတို့တံတားကိုမဖြတ်ခင်အချိန်နည်းနည်းရလိမ့်မယ်။ ရှန်ကျင်းထျန်က မသိလိုက်ဘဲအိပ်ပျော်သွားပြီး သူနိုးလာတဲ့အချိန်မှာတော့ သူတို့ကဟိုတယ်ကိုရောက်နေပြီ။

"နိုးပြီလား?"
ရန်ချွီးချီကလှည့်ကြည့်လာတယ်။

"တောင်းပန်ပါတယ် ၊ ကျွန်တော်အိပ်ပျော်သွားတာ"
ရှန်ကျင်းထျန်က ပြောတယ်။

"ရန်ချွီးချီ:"ငါတို့ရောက်ပြီ၊ မင်းစောစောသွားအနားယူတော့လေ၊ အပေါ်ထိလိုက်မပို့တော့ဘူး"

"လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
ရှန်ကျင်းထျန်က maskတပ်လိုက်ပြီး ကားထဲကထွက်လိုက်တယ်။

ရန်ချွီးချီက ကားပြတင်းပေါက်ကနေလက်ယမ်းပြလိုက်ပြီး ကားကမောင်းထွက်သွားခဲ့တယ်။ ရှောင်ချီကြောင့် သူကသေချာဂရုစိုက်ပြီး အထူးသဖြင့်publicမှာသူတို့ချည်းဘဲရှိတဲ့အခါ ရှန်ကျင်းထျန်နဲ့အတူမရှိဖို့အကောင်းဆုံးကြိုးစားခဲ့တယ်။ သူတို့သာရှောင်ချီလို အရူးတစ်ယောက်ရဲ့ဓာတ်ပုံရိုက်တာခံလိုက်ရရင် ရှန်ကျင်းထျန်ကိုဘယ်လောက်ဒုက္ခဖြစ်စေမလဲဆိုတာသူမသိဘူး။

ရှန်ကျင်းထျန်က လမ်းမဘေးမှာရပ်နေရင်း အသက်ပြင်းပြင်းရှုလိုက်တယ်။ သူကဘေးပတ်လည်ကိုကြည့်လိုက်ပြီး ရုတ်တရက်သူ့phကမြည်လာခဲ့တယ်။ အဲ့ဒါကရန်ချွီးချီဆီကမက်ဆေ့ဖြစ်တယ်။
[ကောင်းသောညပါ]

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now