Chapter 77

3.6K 596 18
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 77: ကျွန်တော်ခင်ဗျားအတွက်လည်းလက်ဆောင်ဝယ်ခဲ့တယ်။

ရန်ချွီးချီရေချိုးပြီးသွားတော့ သူကကုတင်ပေါ်ထိုင်နေရင်း ခြေထောက်လှုပ်နေမိတယ်။ သူ့အမူအယာကအရမ်းတည်ငြိမ်နေပြီး သူ့နှုတ်ခမ်းတွေကိုတင်းကြပ်စွာစေ့ပိတ်ထားတယ်။ ရှန်ကျင်းထျန်ရဲ့Harper's Bazaarမဂ္ဂဇင်းက အိပ်ယာဘေးမှာရှိနေတုန်းဖြစ်တယ်။

DGLLရိုက်ကူးရေးကပြီးဆုံးသွားပြီဖြစ်တယ်။ ရိုက်ကူးရေးအဖွဲ့က ရှန်ကျင်းထျန်ကိုနှုတ်ဆက်လက်ဆောင်တစ်ခုပေးခဲ့တယ်။ အဲ့ဒါက ရိုက်ကူးရေးလုပ်နေတုန်းရိုက်ကူးထားတဲ့ဓာတ်ပုံတွေဖြစ်တယ်။ အဲ့ဒါတွေအများစုက ရိုက်ကွင်းနောက်ကွယ်ကအတိုအထွာလေးတွေဖြစ်ကြတယ်။ သရုပ်ဆောင်တွေအားလုံးနဲ့ဝန်ထမ်းတွေကို အဲ့ဒါတွေပေးခဲ့တယ်။ အဲ့ဒါကို ရိုက်ကူးရေးအဖွဲ့ကဝန်ထမ်းတွေအားလုံးကိုပေးတဲ့ အမှတ်တရလက်ဆောင်ဖြစ်တယ်။

"ဒါဆိုလည်း ကျဲ ကျွန်တော့်ဆီပို့ပေးလိုက်လေ"
ရှန်ကျင်းထျန်က ပြောလိုက်တယ်။

လီမေ့လန်ကပုံတွေကိုကြည့်နေရင်းမေးလိုက်တယ်။
"နင်ကရန်အိမ်တော်မှာဘဲလား?"

ရှန်ကျင်းထျန် : "ဟုတ်တယ်"

လီမေ့လန်ကphချလိုက်ပြီး နောက်တစ်မျက်နှာကိုလှန်လိုက်တယ်။ ရုတ်တရက်တစ်စုံတစ်ခုကသူမမျက်လုံးထဲဝင်လာခဲ့တယ်။ အဲ့ဒါက ရှန်ကျင်းထျန်သူ့မွေးနေ့ဖယောင်းတိုင်တွေကိုမှုတ်နေတဲ့ပုံဖြစ်တယ်။ သူ့ဘေးမှာ ဒါရိုက်တာကောင်းရွေ့ရယ် ကျန့်စီချီ ၊ ပိုင်ချင်းကွမ်နဲ့အခြားလူတွေကရပ်နေကြတယ်။ ပတ်ပတ်လည်ကရိုက်ကူးရေးအဖွဲ့ဝင်တွေနဲ့ပြည့်နေပေမဲ့ သူမကအဲ့ဒီအုပ်စုထဲမှာ ထင်ရှားတဲ့မျက်နှာတစ်ခုကိုမြင်လိုက်ရတယ်။

အဲ့ဒါက ဓာတ်ပုံရဲ့အပေါ်ဘက်ဘယ်ဘက်ထောင့်မှာ ရပ်နေတဲ့လူတစ်ယောက်ဖြစ်တယ်။ ဒီဓာတ်ပုံကိုညမှာရိုက်ကူးထားပေမဲ့ ညအမှောင်က ဒီလူရဲ့မျက်နှာအသွင်အပြင်တွေကိုထင်းထွက်နေစေတယ်။ ဖြောင့်တန်းနေတဲ့နှာခေါင်းရယ်ဖြူဖွေးနေတဲ့အသားအရေနဲ့ အရပ်ရှည်ရှည်ပုံရိပ်က ရန်ချွီးချီကလွဲလို့အခြားဘယ်သူမှမဖြစ်နိုင်ဘူး။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now