Chapter 43

4.4K 847 33
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 43: ကြော်ညာရိုက်ကူးခြင်း

ရှန်ကျင်းထျန်ကိုအမြဲအာရုံစိုက်နေတဲ့ မဒမ်ရန်ကလေဆိပ်လာတဲ့videoကိုမြင်လိုက်ရတယ်။ ဗြောင်းဆန်နေတဲ့မြင်ကွင်းကိုမြင်လိုက်ရတော့ သူမနှလုံးသားကလည်ပင်းအထိခုန်တက်လာသလိုဘဲ။ အတွင်းခံကုမ္ပဏီကအရမ်းစိတ်ချစရာမကောင်းပြီး အရမ်းမတွေးတောတတ်ဘူးဘဲ။ အဲ့ဒါက သူမရှောင်ကျင်းရဲ့ကျော်ကြားမှုကိုအထင်သေးလိုက်တာဘဲ။

သူမအဲ့ဒါကိုသေချာတွေးကြည့်မိတော့ ရှန်ကျင်းထျန်ကတစ်ယောက်ထဲအလုပ်လုပ်နေရပြီးဘာကုမ္ပဏီနဲ့မှဘယ်တုန်းကမှစာချုပ်မချုပ်ထားဘူးဆိုတာသူမသတိရသွားတယ်။ သူမကအနုပညာလောကထဲမှာဝင်မပါဘူးဆိုပေမဲ့ အဲ့ဒီထဲမှာလုပ်ကိုင်နေတဲ့သူမသားရှိနေတယ်။

Sunshine Mediaကအခြားကုမ္ပဏီတွေနဲ့ယှဥ်ရင်သေချာပေါက်အင်အားအကြီးမားဆုံးဖြစ်တယ်။ အဲ့ဒါအပြင် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူတို့ထုတ်လုပ်ခဲ့တဲ့ရုပ်ရှင်ဒရာမာဇာတ်လမ်းတွဲတွေကအောင်မြက်မှုအများကြီးရပြီးဆုတွေလည်းရခဲ့တယ်။ အခုရှန်ကျင်းထျန်ကအောင်မြင်လာပြီဆိုတော့ သူမကသူ့ကိုဆုတစ်ခုလောက်ရစေချင်မိတယ်။

သူမကရန်ချွီးချီဆီကိုသတင်းဖြန့်လိုက်ရင်းပြောလိုက်တယ်။
"သူတစ်ယောက်ထဲဒါကိုမလုပ်နိုင်ဘူးလေ၊ သူ့ကိုကူညီဖို့ကုမ္ပဏီတစ်ခုတော့သူလိုအပ်တယ်"

ရန်ချွီးချီက "အမ်း"လို့ပြန်ဖြေလိုက်ပြီး အခြားဘာမှမပြောခဲ့ဘူး။

သူညနေခင်းအလုပ်ကနေပြန်လာတော့ မဒမ်ရန်ကမေးလိုက်တယ်။
"အမ်းဆိုတာဘာကိုဆိုလိုချင်တာလဲ?မင်းက မင်းအမေကိုအရမ်းဝတ်ကျေတမ်းကျေနိုင်တာဘဲ"

ရန်ချွီးချီ: “ကျွန်တော်ကအရာရာတိုင်းကိုဂရုမစိုက်နိုင်ဘူး၊ အနုပညာရှင်တွေကိုစာချုပ်ချုပ်တာက အေဂျင်စီဋ္ဌာနကလူတွေရဲ့တာဝန်ဘဲ၊ သူတို့သင့်တော်တယ်ထင်ရင် သူတို့ကသူ့ကိုဆက်သွယ်လိမ့်မယ်"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now