Chapter 33

5.4K 770 7
                                    

Author: Gong Zi Yu Ge

Chapter 33: ပထမဆုံးအကြိမ်ရိုက်ကွင်းကိုအလည်လာခြင်းကဒီမှာ

ရှန်ကျင်းထျန်ရန်ယောင်ရွှမ်းကိုငြင်းလိုက်တာကစိတ်ခံစားချက်ကိစ္စတွေတင်မကဘဲ သူကရန်ချွီးချီကိုပါသတိပေးဖော်ပြလိုက်တာဖြစ်တယ်။ "မင်းစိတ်ချလို့ရပါတယ်"ဆိုတဲ့စကားလုံးတွေကယဥ်ကျေးပြီး သူတို့ကြားထဲမှာရှင်းလင်းတဲ့စည်းတစ်ခုကိုသိသာစွာရေးဆွဲထားလိုက်ပုံပေါ်တယ်။

ရန်ယောင်ရွှမ်းက ခေါင်းလှည့်လာပြီးမျှော်လင့်နေတဲ့အကြည့်နဲ့မေးလိုက်တယ်။
"ရှောင်ကျင်းဆီကမက်ဆေ့လား?"သူဘာပြောတာလဲ?"

“ဘာမှမဟုတ်ဘူး"
ရန်ချွီးချီကပြောတယ်။

ရန်ယောင်ရွှမ်းက တိတ်ဆိတ်နေခဲ့တယ်။
"မေ့လိုက်တော့၊ ကျွန်တော့်ကိုမပြောနဲ့တော့"
သိလိုက်ရရင်သူဘဲပိုပြီးဝမ်းနည်းလိမ့်မယ်။ ရှန်ကျင်းထျန်ကသူ့အကိုကိုဂရုစိုက်နေသေးလို့အဖြစ်အပျက်တွေကိုသူ့ဆီရှင်းပြတာဖြစ်လောက်တယ်။ သူတကယ်ရှန်ကျင်းထျန်ရဲ့အချစ်တွေကိုရထားတဲ့သူ့အကိုကြီးကိုမနာလိုဖြစ်မိတယ်။

ဒါပေမဲ့သူ့အကိုကြီးကတော့ဒီအတိုင်း....လက်လှမ်းမမှီနိုင်တဲ့တစ်ယောက်ကစိတ်လှုပ်ရှားမိနေစဥ်မှာ အနှစ်သက်ခံရတဲ့သူကတော့ကြောက်ရွံ့စရာဘာမှမရှိဘူး။ ဒါကငြင်းပယ်လို့မရတဲ့ခေတ်ရဲ့အမှန်တရားဘဲ။

ရှန်ကျင်းထျန်ကအိပ်ယာပေါ်မှာလဲလျောင်းနေရင်းစိတ်ဖိစီးနေခဲ့တယ်။ ရန်ယောင်ရွှမ်းကတကယ်ကြီးသူ့ကိုဖွင့်ပြောခဲ့တယ်။ အဲ့ဒီလိုသွေးသန်ရဲရဲအရာကြီးကသူ့ဆီဖြစ်ပျက်လာတယ်ဆိုတာသူမယုံကြည်နိုင်ဖြစ်နေတယ်။ သူကရန်ယောင်ရွှမ်းကိုညီအကိုရင်းနှီးမှုနည်းနည်းရောနှောနေတဲ့ပရိတ်သတ်တစ်ယောက်အဖြစ်အမြဲသတ်မှတ်ထားခဲ့တာဖြစ်တယ်။

ရန်ယောင်ရွှမ်းကတော့သူ့ကိုအချိန်အကြာကြီးချစ်လာခဲ့တာလို့ပြောခဲ့ပေမဲ့လည်းပေါ့။ သူအချစ်ဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါ အဲ့ဒါကသူ့ကိုတစ်ကိုယ်လုံးကြက်သီးထသွားစေတာကြောင့် သူရန်ယောင်ရွှမ်းကိုဘယ်လိုငြင်းခဲ့တာလဲဆိုတာတောင်အတိအကျမမှတ်မိတော့ဘူး။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now