Chapter 4

4.9K 890 30
                                    


ကြည့်နေတဲ့သူအကုန်လုံး တန့်သွားကြတယ် လူတိုင်းက ရှန်ကျင်းထျန် အနားမယူခင်ရုပ်ရှင်ရိုက်ခဲ့တယ်ဆိုတာသိတယ် idolလမ်းကြောင်းကအောင်မြင်လွယ်တယ် ဒါပေမဲ့ကျဆုံးဖို့ရလည်းလွယ်ကူတယ် အသစ်တွေတက်လာတာနဲ့အမျှ အနည်းငယ်ကဘဲသီချင်းဆိုရရုံ ကရုံလောက်နဲ့ဘဲကျန်ရစ်နေခဲ့ကြတယ် သူတို့အကုန်လုံးက သရုပ်ဆောင်ဘက်ကိုတဖြည်းဖြည်းကူးပြောင်းလာကြတယ် ဒါပေါ့ရှန်ကျင်းထျန်လည်းခြွင်းချက်မရှိဘူး


သူနဲ့ပိုင်ချင်းကွမ် က"Pick Me"ဆိုတဲ့အရည်အချင်းစစ်ပြပွဲမှာအတူတကွ ပွဲဦးထွက်ခဲ့ကြပြီးတော့ သူတို့က တူညီတဲ့ရုပ်ရှင်တွေ ရုပ်သံစီးရီးအရင်းအမြစ်တွေအတွက်ယှဥ်ပြိုင်ခဲ့ကြတယ် ရှန်ကျင်းထျန်က ပိုင်ချင်းကွမ်ကိုဖိနှိပ်နိုင်ခဲ့ပြီးတော့ သူကနံပါတ်၁အမျိုးသားဇာတ်လိုက်အဖြစ်အောင်မြင်စွာသရုပ်ဆောင်နိုင်ခဲ့တယ်

ရလဒ်အနေနဲ့ လူတိုင်းက ရှန်ကျင်းထျန်က ရယ်စရာကောင်းတဲ့memeတွေအများကြီးကိုထုတ်ပြသလိုဖြစ်ခဲ့တယ် ပိုပြီးဆိုးတာက ဖျော်ဖြေရေးနယ်ပယ်ထဲက အတွင်းလူတွေရဲ့ အတင်းစကားတွေဘဲ

ဒါပေမဲ့ အခုသူတို့ရှေ့က ရှန်ကျင်းထျန်က လုံးဝပြန်ပြီးမွေးဖွားလာသလိုဘဲ သူကပိုပြီးအံ့အားသင့်စရာကောင်းလာအောင်သရုပ်ဆောင်လို့မဟုတ်ဘဲ သူကထင်ထားတာထက်ပိုပြီးသန်မာလာလို့ဘဲ

ကောင်းရွေ့က သူ့ကိုပိုင်ချင်းကွမ်ရဲ့ မျက်နှာကြောင့်သာလူတွေ့စစ်ဆေးဖို့တောင်းဆိုခဲ့တာဖြစ်တယ် ပြီးတော့လူထုရဲ့စိတ်ဝင်စားမှုရရှိဖို့အတွက်ဘဲဖြစ်တယ် ပိုင်ချင်းကွမ်နဲ့ ရှန်ကျင်းထျန်အတူ သရုပ်ဆောင်ခြင်းဆိုတဲ့ခေါင်းစဥ်က လုံးဝအံသြ သွားကြလိမ့်မယ် ဒါပေမဲ့လည်း သူကရှန်ကျင်းထျန်ရဲ့ သရုပ်ဆောင်skillကို စိတ်ပူနေခဲ့တယ် အခုတော့ သူလုံးဝစိတ်သက်သာရာရသွားခဲ့တယ် အခုသူသရုပ်ဆောင်တာကိုကြည့်ပြီးတော့ သူ့ကိုဒီဇာတ်ကောင်ကိုသရုပ်ဆောင်ခွင့်ပေးဖို့ ၁၀၀%စိတ်ကျေနပ်သွားပြီ

သူ့ရဲ့ပုံစံက လုံးဝကွက်တိဖြစ်နေပေမဲ့ အလှကတော့ နည်းနည်းလိုနေတုန်းဘဲ ဒါပေမဲ့လည်း ရှန်ကျင်းထျန်ရဲ့ ဝန်ထမ်းတွေက ဒီဇာတ်ဝင်ခန်းတွေအတွက် မိတ်ကပ်ပြင်ပေးနိုင်ကြတယ်

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now