Chapter 23

4.9K 811 19
                                    

Author: Gong Zi Yu Ge

မီဒီယာက ရှန်ကျင်းထျန် ပြန်လာတော့မယ်ဆိုတဲ့သတင်းကို လူထုထက်စောပြီးတော့ အတွင်းလူတွေကတစ်ဆင့်သိပြီးကြပြီဖြစ်တယ် ရှန်ကျင်းထျန်က လူတိုင်းကိုဆွဲဆောင်နိုင်တဲ့ သြဇာရှိတဲ့ပုံရိပ်ရှိတယ် သူ့မှာသေစေနိုင်လောက်တဲ့အော်ရာရယ် ဆိုးသွမ်းတဲ့စိတ်နေစိတ်ထားရှိပြီးတော့ သူ့လှုပ်ရှားမှုတစ်ခုစီတိုင်းက အနုပညာနယ်ပယ်ထဲမှာသွေးမုန်တိုင်းတ်ခုကို ဖန်တီးနိုင်တယ်

“ကျွန်တော်တို့ရဲ့နောက်ထပ်ဧည့်သည်တော်ကတော့ သတင်းမကြားရတာကြာပြီဖြစ်တဲ့ရှန်ကျင်းထျန်ဖြစ်ပါတယ်"အခမ်းအနားမှုးက ဒီညသူဘာကိုအာရုံစိုက်သင့်လဲဆိုတာသိတယ် သူကရှန်ကျင်းထျန်ကိုလှည့်ကြည့်ပြီး ပြုံးပြလိုက်တယ် "ဒီနေ့ည ရှန်ကျင်းထျန်က အတိတ်ကနဲ့တော်တော်လေးကွာခြားနေတယ်ဗျ"

မဟုတ်ဘူး တော်တော်လေးပြောင်းလဲရုံတင်မကဘူး ပြောင်းလဲမှုက အရမ်းကြီးမားလွန်းတယ်

ရှန်ကျင်းထျန်က အမြဲတမ်းဖန်စီအဝတ်အစားတွေဝတ်ဆင်ရတာကြိုက်တယ် အခမ်းအနားကပိုပြီးအရေးပါလေ သူ့ပုံစံကပိုပြီး ရှော့ခ်ရစရာကောင်းလေဘဲ ပုံမှန်suitလိုမျိုးဝတ်ဆင်ခဲ့ရင်တောင် သူကလူအများနားမလည်နိုင်လောက်တဲ့ ခေါင်းလောင်းတွေ ချွင်ချွင်မြည်တဲ့အရာတွေကိုအမြဲ တွဲဖက်ဝတ်ဆင်လေ့ရှိတယ် နောက်ပိုင်း သူ့ပုံရိပ်ကျဆင်းသွားတဲ့အခါမှာ သူကနိမ့်တဲ့အဝတ်အစားဝတ်ဆင်ထားတာတောင် သူကအာရုံစူးစိုက်မှုကို ရရှိနေတုန်းဖြစ်တယ် သူ့ရဲ့အနီရောင်ဆံပင်အရှည်နဲ့တွဲပြီး ကဂျိုးကဂျောင်အဝတ်အစားတွေက သူ့ရဲ့ရူးသွပ်ဖွယ်ရှော့ခ်ရလောက်စရာစတိုင်နဲ့ကိုက်ညီနေတယ်


အခုတော့ သူက ကဂျိုးကဂျောင်မနိုင်တော့ပေမဲ့ သူ့ရဲ့ရူးနှမ်းမှုကတော့ မပြောင်းလဲသေးဘူး

ပိုင်ချင်းကွမ်က အပြုံးတစ်ခုချိတ်ဆွဲထားရင်း ရှန်ကျင်းထျန်ကိုကြည့်ရင်း စိတ်ထဲကနေအကြိမ်တစ်ထောင်လောက်ဆဲနေမိတယ် သောက်ကျိုးနည်းအနီရောင်နှင်းဆီတစ်ပွင့်ကို သူ့ရင်ဘတ်ပေါ်ထားထားရတာလဲ လူစိတ်ဝင်စားမှုရအောင်လုပ်နေတာအသိသာကြီးဘဲ ဒါပေမဲ့လည်း....... သူ့ရင်ဘတ်ပေါ်ကနှင်းဆီနီတစ်ပွင့်က တော်တော်လေးကြည့်ကောင်းတယ်ဆိုတာ သူလက်မခံဘဲမနေနိုင်ဘူး

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now