Chapter 30

5.5K 857 31
                                    

Author: Gong Zi Yu Ge

Chapter 30:လရောင်ဖြူလေးအတွက်သရုပ်ဆောင်ခြင်းနေ့

ရှန်ကျင်းထျန်ရဲ့xင်ကစပြီးလူပြောများလာခဲ့တယ်။ weibo ဖိုရမ်တွေနဲ့Baiduပေါ်မှာသူ့တင်ပါးအကြောင်းပြောထားတဲ့ပို့စ်တွေကမြန်ဆန်စွာပွားများလာတယ်။ အဲ့ဒီခေါင်းစဥ်ကhot search listထဲတောင်ဝင်လုနီးပါးဖြစ်ခဲ့ပေမဲ့ မကြာမီမှာဘဲအောက်ပြန်ကျသွားခဲ့တယ်။ ကံကောင်းတာက အဲ့ဒါကသိပ်ပြီးစိတ်ဝင်စားမှုမရခဲ့ဘူး။ မဟုတ်ရင် ရှန်ကျင်းထျန်က သူ့အပေါ်မှာ"ရှန်ကျင်းထျန်ရဲ့xင်"ဆိုတဲ့hot searchခေါင်းစဥ်နဲ့ဆို အနာဂတ်မှာသူလူထုရှေ့မှာမျက်နှာမပြရဲလောက်တော့ဘူး။

လီမေ့လန်က မြေပဲစားနေရင်း သူမဘေးမှာ ထိုင်ရင်းချွေးပြန်နေတဲ့ရှန်ကျင်းထျန်ကိုကြည့်လိုက်တယ်။
"နင်ရိုက်ကူးရတာပင်ပန်းနေလို့လား?နင်အနားယူသင့်တယ်နော်"

ရှန်ကျင်းထျန်က အသံပြုလိုက်ရင်းသူကပျော်ရွှင်စွာလေ့ကျင့်နေသလိုမျိုးသူ့ခေါင်းညိတ်ပြလာခဲ့တယ်။ အငွေ့အသက်တွေကသူ့ဆီကနေထွက်နေသလိုဘဲ။ သူကနည်းပြလီရဲ့လမ်းညွှန်မှုတွေကိုလိုက်နာနေတယ်။ သူကသူ့ရဲ့တုနှိုင်းမဲ့တဲ့xင်ကို*လျှပ်စစ်မော်တာလေးတစ်လုံးအဖြစ်ပြောင်းလဲချင်နေတယ်။

အမျိုးသားအနုပညာရှင်တစ်ယောက်အတွက်ဒီလိုxင်ရှိနေတာပုံမှန်မဟုတ်မဖြစ်ပေမဲ့လည်း သူ့xင်ကဒီလိုကြီးမားတဲ့တုန့်ပြန်မှုတွေကိုဖြစ်စေရတဲ့အဓိကအကြောင်းအရင်းကသူ့ရဲ့identityကြောင့်ဘဲ။ ပြောရရင်သူကအနုပညာလောကထဲမှာ အကျော်ကြားဆုံးလိင်တူကြိုက်သူတစ်ဦးဖြစ်တယ်။

အမျိုးသားအနုပညာရှင်တစ်ယောက်ဆီမှာမြင်ချင်မိတဲ့xင်ရှိနေတဲ့အချိန်မှာ ရှန်ကျင်းထျန်မှာတော့ သူအသုံးပြုချင်တဲ့xင်ရှိနေခဲ့တယ်။ မြင်တွေ့နေရတာနဲ့အသုံးပြုရတာရဲ့ကြားမှာကြီးမားတဲ့ခြားနားချက်ရှိတယ်။ ဘယ်လိုလုပ်စိတ်မလှုပ်ရှားဘဲနေနိုင်မှာလဲ?!

ရန်ယောင်ရွှမ်းက အိပ်ယာပေါ်မှာလှဲနေရင်းပိုစတာကိုစူးစိုက်ကြည့်နေမိတယ်။ သူ့အတွေးတွေကရှုပ်ယှက်ခတ်နေတယ်။ ရက်အနည်းငယ်အတွင်းမှာတင် စက်တင်ဘာလရောက်တော့မှာဖြစ်ပြီး သူကျောင်းဆီပြန်သွားရတော့မှာဖြစ်တယ်။ သူကရှန်ကျင်းထျန်နဲ့မိုင်ပေါင်း18,000ကွာခြားတဲ့နိုင်ငံခြားကကျောင်းဆီသွားရတော့မှာဖြစ်တယ်။ သူကြောက်မိတာကသူကအရင်ဆုံးအနေဝေးပြီးသွေးအေးမိသွားတဲ့သူဖြစ်မှာကိုဘဲ။ သူမထွက်သွားခင်တစ်ခုခုလုပ်မှရမယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now