Chapter 45

5K 835 61
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 45: မင်းရဲ့suit ဂျက်ကတ်ကိုပြန်ပေးခြင်း

ရိုက်ကူးရေးအဖွဲ့ကချက်ချင်းဘဲ သူတို့ကိုဝန်းရံလာကြတယ်။ ရှန်ကျင်းထျန်ကမူးနောက်နေခဲ့တယ်။ သူ့မျက်လုံးတွေကိုဖွင့်လိုက်တော့ ပိုင်ချင်းကွမ်ရဲ့မျက်နှာကိုတွေ့လိုက်ရတယ်။ မှင်သက်နေမိချိန်မှာ သူကလက်တွေမှာရှိနေသေးတာလား ဒါမှမဟုတ်ဒရာမာထဲမှာရှိနေသေးတာလားဆိုတာပြောနိုင်ဖို့အရမ်းခက်ခဲနေတယ်။ အဲ့ဒါကသူကိုယ်တိုင်လီရှုဖြစ်လာသလိုမျိုးဘဲ။ မဟုတ်ရင် သူ့ရှေ့ကမင်းသားကျိုးကျင်းရဲ့အသံကိုသူဘယ်လိုလုပ်ကြားရမှာလဲ။

သူကအဲ့ဒီလက်ကိုဖမ်းကိုင်လိုက်ပြီး မြဲမြံစွာဆွဲကိုင်ထားတယ်။ ရုတ်တရက်ပိုင်ချင်းကွမ်ကသူ့ကိုအော်ခေါ်လာတာကိုကြားလိုက်ရတယ်။
"ရှန်ကျင်းထျန်"

ရှန်ကျင်းထျန်ကတောင့်ခဲသွားရင်း အသိစိတ်ပြန်ဝင်လာတယ်။ သူ့လက်ကိုလျှင်မြန်စွာဝေ့ယမ်းပြလိုက်ရင်း
"အဆင်ပြေပါတယ် အဆင်ပြေတယ်ရယ်"
သူကပိုင်ချင်းကွမ်ရဲ့လက်မောင်းကိုကိုင်ထားပြီးထရပ်လိုက်တော့ သူ့ဘေးကလူတွေကသူ့ကိုစိတ်လှုပ်ရှားစွာကြည့်နေကြတယ်။

"သူ့မှာအဖျားရှိနေတယ်"
ပိုင်ချင်းကွမ်က ဒါရိုက်တာကောင်းကိုပြောလိုက်တယ်။

"မင်းအဆင်ပြေရဲ့လား?"
ဒါရိုက်တာကောင်းကပြောလိုက်တယ်။
"ဘာလို့မင်းမျက်နှာကအရမ်းနီနေတာပါလိမ့်လို့ငါအံ့သြနေတာ"

သူ့မျက်နှာကနီရဲနေပြီးတော့ သူ့မျက်လုံးကတွေထဲကသွေးကြောတွေကလည်းနီရဲနေတယ်။ ပုံမှန်ဆို ရှန်ကျင်းထျန်ရဲ့မျက်လုံးတွေကအတော်ကြီးတက်ကြွနေပြီးတော့တောက်ပနေတယ်။ အခုသူ့ကိုဒီလိုမြင်လိုက်ရတော့ အဲ့ဒါကအရမ်းရယ်စရာကောင်းတယ်လို့ထင်မိတာကြောင့် ပိုင်ချင်းကွမ်က သူ့မျက်လုံးတွေကိုဓာတ်ပုံရိုက်ယူထားချင်မိတယ်။

လူမြင်ကွင်းမှာမူးလဲတာက ကောင်းမွန်တဲ့အခြေအနေမဟုတ်ဘူး။ ရှန်ကျင်းထျန်ကရှက်နေမိတယ်။ အတော်ကြာတော့ ရှန်ကျင်းထျန်ကပြန်သက်သာလာပြီး ရှောင်ထန်နဲ့လီမေ့လန်ကသူ့ကိုဆေးရုံဆီခေါ်သွားခဲ့တယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now