Chapter 95

2.6K 545 12
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 95: ကျေးဇူးပြုပြီး ကျွန်တော်နဲ့ဝေးဝေးနေပေးပါ

မနက်အစောကြီး ရန်ချွီးချီကအောက်ထပ်ဆင်းလာတော့ ရှန်ကျင်းထျန်ကsuitcaseတစ်လုံးနဲ့ဧည့်ခန်းထဲမှာရပ်နေတာကိုမြင်လိုက်ရတယ်။ မဒမ်ရန်က ရှန်ကျင်းထျန်ကိုစကားပြောနေတယ်။ သူကအံ့အားသင့်သွားပြီး
"မင်းပြန်တော့မလို့လား?"

မဒမ်ရန်: "သူပြောတာကတော့ တစ်ခုခုဖြစ်လို့ရုတ်တရက်ရိုက်ကူးရေးအဖွဲ့ကိုသူ့ကိုပြန်လာခိုင်းတာတဲ့၊ သူပြန်လာတဲ့အခါမှာ သူကရိုက်ကူးရေးအဖွဲ့နဲ့ကောင်းကောင်းမပူးပေါင်းလို့လား?လူတိုင်းကအနားယူသင့်တယ်လေ၊ ဒါကဘယ်လိုရိုက်ကူးရေးအဖွဲ့မျိုးပါလိမ့်?"

ရှန်ကျင်းထျန်ကပြုံးလိုက်ပြီး
"မထင်မှတ်ထားတဲ့တစ်ခုခုဖြစ်လာရင် ရိုက်ကူးရေးအဖွဲ့ကလည်းမတတ်နိုင်ဘူးလေ၊ ကျွန်တော်အန်ကယ်ရန်ကိုမနှောင့်ယှက်တော့ဘူးနော်၊ သူ့ကိုနှုတ်ဆက်တယ်လို့ပြောပေးပါဦး"

ရန်ယောင်ရွှမ်းကလည်း အောက်ထပ်ဆင်းလာပြီး ရှန်ကျင်းထျန်ကိုsuitcastတစ်လုံးနဲ့တွေ့လိုက်တော့ မှင်သက်သွားတယ်။ မနေ့ညကအငြင်းခံခဲ့ရတာကြောင့်သူရှက်ရွံ့နေတုန်းဖြစ်ပြီးစကားမပြောခဲ့ဘူး။ သူက သူ့အကိုကြီးကိုဘဲအကြည့်တစ်ချက်ပေးလိုက်တယ်။

ရန်ချွီးချီက သူ့suitcaseကိုကူသယ်ပေးဖို့လက်လှမ်းလာတော့ ရှန်ကျင်းထျန်ကထိတ်လန့်သွားတယ်။ သူဘာလို့အရင်ကဒီလိုအသေးစိတ်တွေကိုသတိမထားမိရတာလဲ?သူကတကယ်ကိုသတိမမူဖြစ်နေတာဘဲ!ရန်မိသားစုက ကောင်းမွန်တဲ့မိသားစုတစ်ခုဖြစ်ခဲ့တာကို အခုသူ့ရဲ့ပေါ့ဆမှုကြောင့် အနာဂတ်မှာ သူကထိတွေ့ဆက်ဆံတာထိန်းချုပ်ကန့်သတ်ရတော့မယ်။

ရှောင်ထန်ကအပြင်ဘက်မှာစောင့်နေပြီဖြစ်တာကြောင့် သူကအလောတကြီးပြေးသွားပြီး ရန်ချွီးချီရဲ့လက်ထဲကsuitcaseကိုယူလိုက်တယ်။ ရှန်ကျင်းထျန်က လူတိုင်းကိုနှုတ်ဆက်စကားပြောပြီး မြန်မြန်ကားထဲဝင်ခဲ့တယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now