Chapter 26

4.7K 828 21
                                    


Author: Gong Zi Yu Ge

"မနေ့ညကကျွန်တော့်အဝတ်တွေကိုဘယ်သူလဲပေးခဲ့တာလဲ?"
ရှန်ကျင်းထျန်ကမေးလိုက်တယ်

ရန်ချွီးချီတော့မဟုတ်လောက်ဘူးမလား?

လီမေ့လန်:"နင်ထပ်ပြီးဖြစ်ချင်တဲ့အတွေးတွေရှိနေပြန်တာလား? နင့်ရဲ့အကျီတွေပေါ်မှာအန်ထားတာတွေရှိနေလားဆိုတာငါမသေချာလို့ ရှောင်ထန်ကိုကူလဲပေးဖို့ပြောခဲ့တာ"

ရှောင်ထန်: "ကျွန်တော်အကိုရဲ့အပြင်ဝတ်တွေကိုဘဲချွတ်ပေးခဲ့တာပါ ကျွန်တော်အကို့ရဲ့အတွင်းခံကိုမထိခဲ့ပါဘူး!"

သူရှန်ကျင်းထျန်ကိုအဝတ်တွေလဲပေးနေတုန်း ရှန်ကျင်းထျန်ရဲ့xင်ကိုမြင်လိုက်ရတော့တော်တော်လေးလန့်သွားခဲ့တယ်

ရှန်ကျင်းထျန် : "ကျွန်တော်ထပ်ပြီးအရက်ကိုဘယ်တော့မှမသောက်တော့ဘူး"

"နင်ဒီနယ်ပယ်ထဲကိုဝင်ရောက်ချင်ရင်တော့ အရက်မသောက်ဖို့ဆိုတာမဖြစ်နိုင်ဘူး နောင်မှာနည်းနည်းလျှော့သောက်ပေါ့ ဒီလောက်အခြေအနေဆိုးအောင်နင်ဘယ်လောက်တောင်သောက်ခဲ့တာလဲ? ငါနင်ဒီလိုဖြစ်နေတာကိုမမြင်ရတာတော်တော်ကြာပြီ"

လီမေ့လန်ကသူ့အဝတ်တွေကိုသယ်လာရင်းပစ်ပေးလိုက်တယ်

"မြန်မြန်ထပြီး အဝတ်အစားလဲပြီးသွားဖို့အသင့်ပြင်တော့ ဒီနေ့ရိုက်ကူးရေးစမှာ နင်ရိုက်ကွင်းရဲ့ပတ်ဝန်းကျင်ကိုအသားကျအောင်လုပ်ဖို့လိုတယ်"

DGLLထဲကပါဝင်တဲ့ဇာတ်ဝင်ခန်းအများစုကစတူဒီယိုထဲမှာဘဲရိုက်ကူးရမှာဖြစ်တယ် ရိုက်ကူးရေးအဖွဲ့က ရှန်ကျင်းထျန်မမြင်ဖူးသေးတဲ့နန်းတော်အဆောက်အဦးတွေကိုတည်ဆောက်ထားပြီးသွားပြီဖြစ်တယ်

သူ့ရဲ့အရက်နာကျမှုကြောင့် ရှန်ကျင်းထျန်ကရှောင်ထန်ယူလာတဲ့မနက်စာကိုအနည်းငယ်ဘဲစားဖြစ်ခဲ့တယ် သူအဝတ်အစားမြန်မြန်လဲပြီးထွက်သွားတော့မလိုလုပ်နေတုန်းတံခါးခေါက်သံတစ်ခုပေါ်ထွက်လာခဲ့တယ် ရှောင်ထန်ကဖွင့်ကြည့်လိုက်တော့အေးစက်နေတဲ့မျက်နှာနဲ့လက်ထောက်ချောင်ကိုမြင်လိုက်ရတယ် သူ့နောက်မှာတော့လူငယ်လေးတစ်ယောက်ပါလာတယ်

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now