Chapter 47

4.1K 849 93
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 47: ကြော်ညာလာနေပြီ

အိုက်ရှန်းရဲ့ကြော်ညာထုတ်လုပ်ခြင်းလုပ်ငန်းစဥ်က အရမ်းတိုတောင်းတယ်။ ရှန်ကျင်းထျန်ရဲ့ကြော်ကျားမှုကိုအခွင့်ကောင်းယူပြီး ဒီအချိန်မှာကြော်ညာထုတ်လိုက်တာက မီးထဲကိုဆီထည့်လောင်းလိုက်သလိုဖြစ်လိမ့်မယ်လို့ခံစားမိတယ်။ မထုတ်လွှင့်ခင်မှာ သူတို့ကရှန်ကျင်းထျန်နဲ့ဆက်သွယ်ခဲ့တယ်။ လီမေ့လန်ကလည်း အဲ့ဒါကhot searchဝင်လိမ့်မယ်လို့ခံစားမိခဲ့တယ်။

အခုတလော ရှန်ကျင်းထျန်အကြောင်းသတင်းတွေကနေရာအနှံ့ဖြစ်နေတယ်။ သူနဲ့ပတ်သက်ပြီးhot searchများစွာရှိနေတယ်။ DGLLရဲ့မခန့်မှန်းနိုင်တဲ့ကျော်ကြားမှုက တတိယအပတ်မှာ1.8ratingကိုကျော်လွန်သွားတယ်။ 2.0ကိုကျော်တော့မှာဖြစ်တယ်။ အဲ့ဒါကိုယှဥ်နိုင်တဲ့လက်ရှိဘာစီးရီးမှမရှိဘူး။ လွန်ခဲ့တဲ့၅နှစ်အတွင်းမှာ အဲ့ဒါကိုအလွှမ်းမိုးနိုင်ဆုံးTVစီးရီးလို့တောင်သတ်မှတ်လို့ရတယ်။ နောက်ပိုင်းအဆင့်မှာသာထိန်းထားနိုင်ရင် အဲ့ဒါကဂန္တဝင်တွင်တဲ့ဒရာမာဖြစ်လာလိမ့်မယ်။

TVစီးရီးနာမည်လာခြင်းနဲ့အတူ လူတိုင်းကအဲ့ဒါကိုသိလာကြပြီး review တွေကိုထိန်းချုပ်ဖို့ပရိတ်သတ်အလုံအလောက်ရှိတယ်။ အဲ့ဒါအပြင် ရှန်ကျင်းထျန်ပတ်လည်ကhot searchတွေနဲ့ဆို အခုလက်ဦးမှုမရယူရင်ရူးနှမ်းရာကျလိမ့်မယ်။ အဲ့ဒါထက်ပိုတာက သူမနဲ့ရှန်ကျင်းထျန်က ကြော်ညာကိုကြည့်ပြီးပြီဖြစ်တယ်။ အဲ့ဒါသာhot searchပေါ်မရောက်ရင် ကျိုးကြောင်းမဆီလျော်ဘူးလို့ဘဲသူတို့ယုံမိလိမ့်မယ်။

လီမေ့လန်က အချိန်ကိုစောင့်ကြည့်နေတယ်။ ကြော်ညာထုတ်လွှင့်ပြီးတိုတောင်းတဲ့အချိန်အတွင်းမှာဘဲ အဲ့ဒါကရေပန်းစားသွားတယ်။ Hot search keywordကတော့
"ရှန်ကျင်းထျန်ကြော်ညာ"ဖြစ်တယ်။

videoမှာကြမ်းပြင်ပေါ်ကတောက်ပနေတဲ့သားရေဖိနပ်တစ်စုံကိုပြသထားတယ်။ ရုတ်တရက်တံခါးပိတ်တဲ့အသံကိုကြားလိုက်ရပြီး စားပွဲပေါ်ကိုသော့ပစ်တင်လိုက်တဲ့အသံကိုကြားလိုက်ရတယ်။ ကင်မရာကဘောင်းဘီကနေ လူငယ်တစ်ယောက်ရဲ့သေးသွယ်တဲ့ခါးမှာပတ်ထားတဲ့ခါးပတ်ဆီကိုရွေ့လျားလာတယ်။ သေးသွယ်တဲ့လက်ချောင်းတွေကtabletပေါ်မှာပြေးလွှားနေပြီး စပီကာတွေကနေသီချင်းသံစတင်ထွက်ပေါ်လာတယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now