Chapter 34

4.6K 848 25
                                    

Author: Gong Zi Yu Ge

Chapter 34: The Trailer is Here!

live roomရဲ့*barrageကစာတွေနဲ့ပလူပျံနေခဲ့တယ်။
(*သိကြမှာပါ commentတွေပေါ်နေတာပါ)

“လာနေပြီ လာနေပြီ"

“ဒီထုတ်လွှင့်မှာကအရမ်းမျက်စိဖမ်းစားနိုင်တာဘဲ၊ အလန်းစားလေးတွေနဲ့အလှလေးတွေအပြည့်ဘဲ!"

“ရန်လီဇီကဆာဂျရီလုပ်ထားတယ်လို့ပြောနေကြတာ၊ သူမကရှေးခေတ်ဇာတ်လမ်းတွဲတွေရဲ့နံပါတ်၁*ဟွားဒန်ဖြစ်နေတုန်းဘဲ!"
(*hua dan-အသက်ငယ်ငယ်ရုပ်ချောချောအနုပညာရှင်ကိုပြောတာပါ)

“သူမကစောက်ရမ်းလှပကြော့ရှင်းတဲ့ပန်းလေးဘဲ၊ အရမ်းလှတာဘဲ"

“ပိုင်ချင်းကွမ်က အဖြူရောင်ဝတ်စုံတွေနဲ့အရမ်းလိုက်တယ်၊ ငါတို့ရဲ့အမျိုးသားနတ်သားလေး!"

“ငါအနုပညာလောကထဲမှာဒီလိုအရာမျိုးတွေကြည့်ရတာအကြိုက်ဆုံးဘဲ၊ ငါအဲ့ဒါကိုမြင်တော့ငါ့နှလုံးသားလေးကစိတ်လှုပ်ရှားလာပြီ၊ ဒီလိုနယ်ပယ်မျိုးမှာဘဲလှပကြည့်ကောင်းတဲ့လူတွေအများကြီးကိုမြင်နိုင်တယ်"

“ဒီdramaထဲမှာတကယ့်ကိုအလှလေးတွေအများကြီးပါတာဘဲ ဒါပေမဲ့ရှန်ကျင်းထျန်ကတော့ထင်းထွက်နေတုန်းဘဲ!"

“ဟုတ်တယ်၊ ငါပြောတော့မလို့ဘဲ ကောင်လေးချောချောအုပ်စုကြားထဲမှာသူကတကယ်ကိုအရမ်းစွဲဆောင်မှုရှိနေတယ်နော်"

“ငါတို့သူ့xင်ကိုအဲ့ဒီဝတ်စုံတွေကြောင့်မမြင်ရတာနှမြောစရာဘဲ"

“သူကအဲ့ဒီကြည့်ကောင်းတဲ့မျက်နှာလေးနဲ့အနီရောင်နှုတ်ခမ်းတွေနဲ့ကြည့်လို့အကောင်းဆုံးဖြစ်နေတာလို့သတိထားမိတာငါတစ်ယောက်ထဲထင်တယ်"

“ခေါင်းလောင်းတွေ ခရာတွေဝတ်ဆင်နေကြရှန်ကျင်းထျန်ကဟိုအရင်တုန်းကလိုခံစားမိတယ်၊ အခုသူကောင်းမွန်တဲ့အသွင်အပြင်ရှိပုံပေါ်တယ်၊ တကယ်ကြီးသူ့မှာကောင်းမွန်တဲ့ပုံစံရှိပြီး ဖြောင့်တန်းနေတဲ့ကျောပြင်ကြီးရှိတယ်!"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now