Chapter 44

4.3K 811 28
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 44:လှပတဲ့အမျိုးသားတစ်ယောက်ရဲ့လက်မောင်းတွေထဲမှာ

“ငါဘာလို့နင့်အတွက်ရိုက်ကူးရေးအဖွဲ့ဆီခွင့်မတောင်းပေးရမှာလဲ?"
လီမေ့လန်ကပြောလာတယ်။ သူမကရှန်ကျင်းထျန်ဖျားနေတာကိုကြားလိုက်ရတော့ အပြေးအလွှားလာခဲ့တယ်။

“အဆင်ပြေပါတယ်၊ ကျွန်တော်လုပ်နိုင်ပါတယ်"
ရှန်ကျင်းထျန်က ပြောလိုက်တယ်။
"အစတုန်းကကျွန်တော်ခွင့်နှစ်ရက်ယူထားပြီး ရိုက်ကူးရေးဖြစ်စဥ်ကိုနှောင့်နှေးစေခဲ့တယ်၊ ထပ်ပြီးသာခွင့်ယူမယ်ဆိုရင် သူတို့ကျွန်တော့်ကိုခွင့်ပြုပါစေ ကျွန်တော်ခေါင်းမမော့နိုင်တော့မှာကြောက်မိတယ်"

စီးရီးတွေကအဆက်မပြတ်ရိုက်ကူးပြီးထုတ်လွှင့်တာဖြစ်တယ်။ ရက်အနည်းငယ်ဆိုရင်တောင် ဘယ်လိုနောက်ကျမှုမျိုးမဆို အရာအများကြီးကိုနှောင့်နှေးစေလိမ့်မယ်။

“နင်ထိန်းထားနိုင်တယ်ဆိုတာသေချာလား?"
လီမေ့လန်ကစိတ်ပူလို့မေးလိုက်တယ်။

ရှန်ကျင်းထျန်: “အဆင်ပြေပါတယ်၊ ကျွန်တော်ဆေးနည်းနည်းသောက်ထားလိုက်မယ်လေ၊ နေ့လည်မှာကျွန်တော်ရိုက်ကူးစရာsceneတွေအများကြီးမရှိဘူး၊ အချိန်ရရင်ကျွန်တော်ဆေးရုံကိုသွားလိုက်မယ်"

သူကအဖျားပျောက်ဆေးအချို့သောက်ပြီး ရိုက်ကွင်းဆီသွားခဲ့တယ်။

ရာသီဥတုက တိမ်ထူနေပြီးအေးစိမ့်စိမ့်ဖြစ်နေတယ်။ သူကရိုက်ကွင်းဆီလာနေတဲ့လမ်းမှာ ရာသီဥတုခန့်မှန်းချက်ကိုကြည့်နေမိတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာထဲက မိုးရွာနေခဲ့တယ်။

ပိုင်ချင်းကွမ်ကအဝတ်လဲခန်းထဲမှာရှိနေပြီး သူ့လက်ထောက်ကိုမေးလိုက်တယ်။
"ရှန်ကျင်းထျန်ပြန်ရောက်ပြီလား?"

လက်ထောက်: “မရောက်သေးဘူး၊ သူကရိုက်ကူးရေးအဖွဲ့ဆီခွင့်နှစ်ရက်တောင်းသွားတာ"

“ငါကြားတာကသူကြော်ညာရိုက်ဖို့ခွင့်ယူသွားတာတဲ့"
ရန်လီဇီကပြောလိုက်တယ်။
"အဲ့ဒါကဘာဘရန်းလဲတော့ငါလည်းမသိဘူး"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now