Chapter 25

5.2K 849 34
                                    


Author: Gong Zi Yu Ge

လူကြီးတစ်ယောက်ရဲ့အဝတ်အစားထောင့်စွန်းကို ကလေးတစ်ယောက်လိုကိုင်ထားရတာက ရှန်ကျင်းထျန်ရဲ့နှလုံးသားကိုလုံခြုံမှုခံစားရစေတယ် ဆွဲကိုင်ထားတာက တင်းကျပ်လွန်းလို့ ရန်ချွီးချီကလှုပ်ချင်ခဲ့ရင်တောင် လှည့်ကြည့်လို့မရခဲ့ဘူး သူသေသေချာချာကြီးအဖမ်းခံထားရသလိုဘဲ ရန်ချွီးချီက ရှန်ကျင်းထျန်က မူးချင်ယောင်ဟန်ဆောင်နေတာလို့ဘဲ သံသယဝင်မိတယ်

“ဥက္ကဋ္ဌရန်......"ဝိတ်တာလေးက ရှေ့တိုးလာဖို့တုန့်ဆိုင်းနေမိတယ်

အစတုန်းကတော့ ရန်ချွီးချီက ဝိတ်တာလေးကို ရှန်ကျင်းထျန်ကိုသူ့အခန်းဆီလိုက်ပို့ခိုင်းချင်ခဲ့တယ် ဒါမှမဟုတ် ရှန်ကျင်းထျန်ရဲ့လက်ထောက်ကိုလာခိုင်းမလို့လုပ်ချင်ခဲ့တယ် ဒါပေမဲ့သူ့ရဲ့လက်ရှိအခြေအနေအရ သူကလှုပ်လို့တောင်မရဘူးဖြစ်နေတယ် သူကလူတိုင်းရှေ့မှာ ရှန်ကျင်းထျန်ရဲ့လက်တွေကို ဆွဲခွာမပစ်ချင်တာကြောင့် သူ့ရဲ့ကံကိုဘဲလက်ခံလိုက်ရတော့တယ် သူကတုန့်ဆိုင်းနေပြီးတော့ မျက်နှာသေနဲ့ဘဲ ရှန်ကျင်းထျန်ကိုကောက်ချီလိုက်တယ်

ကြည့်နေကြတဲ့လူစုကြီးက လမ်းဖယ်ပေးလိုက်ကြတယ် သူ့ကိုချီပြီးသွားတော့ ရှန်ကျင်းထျန် ဘယ်အခန်းမှာနေတာလဲဆိုတာ မသိတာကိုရန်ချွီးချီသတိရသွားတယ် ပွဲအခမ်းအနားကြောင့်ဒီည အနုပညာရှင်တွေအများကြီးရှိနေပြီး သူတို့အကုန်လုံးမှာ ကိုယ်ပိုင်အခန်းတွေရှိကြတယ် အရှေ့ကကောင်တာကိုမေးတာက အာရုံစိုက်မှုပိုပြီးဘဲဖြစ်စေပြီး ပြသနာတက်လိမ့်မယ် အရင်ဆုံး သူရှန်ကျင်းထျန်ကို ခေါ်ထုတ်သွားဖို့လိုတယ်

သူ ရှန်ကျင်းထျန်ကိုဓာတ်လှေကားဆီသယ်သွားလိုက်တယ်" 21ထပ်"ဝိတ်တာလေးက ရန်ချွီးချီအတွက် ဓာတ်လှေကားနံပါတ်ကိုမြန်မြန်နှိပ်ပေးလိုက်ရင်း သူတို့နောက်ကိုလိုက်သွားသင့် မသွားသင့်ကိုတွေဝေနေခဲ့တယ် သူက ရန်ချွီးချီနဲ့ရှန်ကျင်းထျန်ကြားက ဆက်နွယ်မှုတွေကိုသိတယ် သူက သူတို့နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ် ဓာတ်လှေကားတံခါးပိတ်သွားတော့ သူကမသိမသာခြေဖျားထောက်ကြည့်ရင်း သူ့ဆုံးဖြတ်မိတာကို စိတ်လှုပ်ရှားမိတာရော နောင်တရမိတာရောခံစားလာရတယ် သူက ရှန်ကျင်းထျန်မပီမသရွေရွတ်လိုက်တာကိုကြားမိလိုက်တယ် "အမ်း"လို့အသံထွက်ရင်း သူ့ခန္ဓာကိုယ်ကို ရန်ချွီးချီနဲ့နီးရာဆီတိုးသွားနေတယ်

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now