Chapter 49

4.3K 810 22
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 49: သူကနှင်းဆီတစ်ပွင့်လိုဘဲလှပတယ်

ရန်ချွီးချီအောက်ဆင်းလာတော့ မဒမ်ရန်ကအောက်ထပ်မှာမနက်စာစားနေတာဖြစ်တယ်။ အစေခံက သူ့ကိုမြင်တော့သူ့အတွက်မနက်စာကိုသွက်သွက်လေးပြင်ပေးလာတယ်။ သူက ကုလားထိုင်ကိုဆွဲထုတ်လိုက်ပြီးထိုင်ချလိုက်တယ်။

မဒမ်ရန်ကလှည့်လာပြီးသူ့ကိုမေးလိုက်တယ်။
"ရှောင်ကျင်းကဖျားနေတာလား?!"

ရန်ချွီးချီ:"သူဖျားနေတာလား?မသိဘူးလေ၊ ဒီအကြောင်းကိုမားက သူ့အေးဂျင့်ဆီမေးရမှာလေ"

မဒမ်ရန်: "မင်းစာချုပ်ချုပ်တဲ့အကြောင်းကိုသိတယ်မလား?ရှောင်ကျင်းက Monsoon entertainment နဲ့စာချုပ်ချုပ်ခဲ့တယ်လို့ငါကြားတယ်၊ မင်းဘာတွေဖြစ်နေတာလဲ?သူနဲ့စာချုပ်ချုပ်ဖိို့မင်းရဲ့ကုမ္ပဏီကိုခွင့်ပြုပေးလိုက်ပါလို့ငါမပြောခဲ့ဘူးလား?"

"ကျွန်တော်တို့ကုမ္ပဏီကလည်းကြိုးစားခဲဘပါတယ်၊ ဒါပေမဲ့သူကMonsoon entertainmentကိုရွေးချယ်ခဲ့တာ"
ရန်ချွီးချီကပြောလိုက်တယ်။

မဒမ်ရန်: "မင်းအဲ့ဒီစာချုပ်ကိုဖတ်ပြီးပြီလား?ဘာပြသနာတွေရှိလဲ?"

ရန်ချွီးချီ: "သူနဲ့Monsoon entertainmentရဲ့စာချုပ်ကိုဘာလို့ကျွန်တော့်ကိုပြမှာလဲ?"

မဒမ်ရန်ကစိတ်ပျက်သွားပြီး
"Monsoon entertainment ကဘာနဲ့တူလဲဆိုတာငါမသိဘူး၊ သူတို့ကမင်းရဲ့ပြိုင်ဘက်မလား?သူတို့ကမင်းနဲ့ပြိုင်ဆိုင်ပြီးလုပ်နေကြတာဆို"

ရန်ချွီးချီ: "ယှဥ်ပြိုင်မှုဆိုတာကပုံမှန်ဘဲလေ"

မဒမ်ရန်ကခဏလောက်တိတ်သွားပြီး
"ရှောင်ကျင်းက တကယ်မင်းရဲ့ပြိုင်ဘက်နဲ့စာချုပ်ချုပ်ခဲ့တာဘဲ၊ သူဘာတွေစဥ်းစားနေလဲဆိုတာငါမသိတော့ဘူး၊ သူတကယ်မင်းနဲ့ရှင်းလင်းတဲ့စည်းခြားထားချင်တာထင်တယ်၊ မင်းသူ့အသည်းကိုဘယ်လိုဆိုးဆိုးရွားရွားခွဲခဲ့လို့ ဒီတစ်ခါသူကဒီလောက်ရိုးရိုးရှင်းရှင်းပြတ်သားသွားရတာလဲ?"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now