Chapter 24

4.8K 819 21
                                    


Author: Gong Zi Yu Ge

Sunshine Media.ကအခုနှစ်ပိုင်းအတွင်းမှာ နာမည်ရလာပြီဖြစ်တယ် ကုမ္ပဏီက ထုတ်လုပ်တဲ့ဇာတ်လမ်းတွေက လွန်ခဲ့တဲ့၂နှစ်အတွင်းမှာ အများအားဖြင့် အကျော်ကြားဆုံးဇာတ်လမ်းစာရင်းတွေနဲ့ကြည့်ရှုသူအများဆုံးဆုတွေကို ပိုင်ဆိုင်ထားကြတယ် ကြည့်ရှုနှုန်းနဲ့အရည်အသွေး၂ခုလုံးကောင်းမွန်ကြတယ် အရမ်းလူသိများတဲ့အတွက်ကြောင့် အနုပညာရှင်တွေအများကြီးက သူတို့နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိချင်ကြတဲ့အတွက်ညစာစားပွဲကိုတက်ရောက်ချင်ကြတယ်

DGLLကိုထုတ်လွှင့်ပြသပေးမဲ့ရုပ်သံလိုင်းကလည်းရောက်ရှိနေတယ် Sunshine media နဲ့ရုပ်သံလိုင်းက ရုပ်ရှင်မရိုက်ကူးခင်ထဲက သဘောတူညီချက်ရပြီးလက်မှတ်ထိုးထားပြီးပြီဖြစ်တယ် ရုပ်သံလိုင်းက ဇာတ်လမ်းအတွက် ထုတ်လွှင့်ပြသမဲ့အချိန်ကောင်းကိုတောင်ရွေးချယ်ပေးထားတယ် ဒီနေ့ဖွင့်ပွဲမှာ သူတို့လည်းပါဝင်တာကြောင့် sunshine media ကဖွင့်ပွဲအခမ်းအနားထုတ်လွှင့်ခြင်းကိုတောင် သိပ်ပြီးအားစိုက်မထုတ်ခဲ့ရဘူး

ညစာစားပွဲအတွင်းမှာ မတော်တဆတစ်ခုဖြစ်ပွားခဲ့တာ် လျိုဟွေ့က mediaစားပွဲဝိုင်းဆီ နှုတ်ဆက်စကားပြောဖို့အပြေးလာခဲ့ပြီး ပြောစရာဖြစ်အောင်လုပ်ခဲ့တယ်

စားပွဲဝိုင်းကလူတစ်ယောက်က သူ့ကိုမေးလိုက်တာ်: "အရင်က မင်းငါ့ရဲ့ရုပ်ရှင်မှာmale leadအဖြစ်သရုပ်ဆောင်ဖူးတယ်လေ ဒီတစ်ခါ ဘာဖြစ်လို့ DGLLမှာအမျိုးသားနံပါတ်၄အဖြစ်ပါဝင်ဖို့ဆုံးဖြတ်ခဲ့တာလဲ?"အဲ့ဒီဇာတ်ကောင်က အရမ်းထူးချွန်နေလို့လား?"

လျိုဟွေ့ရဲ့မိတ်ကပ်က ရှန်ကျင်းထျန်ထက်တော့ ဘာမှသိပ်မသာဘူး သူ့မျက်လုံးထောင့်ကို အနီရောင်အိုင်းရှဲဒိုးနဲ့ခြယ်သထားပြီး သူ့မျက်ခုံးတွေမြင့်တက်သွားရင်းပြောလိုက်တယ် "ကျွန်တော်ဒီကို ဒုတိယဇာတ်လိုက်ဇာတ်လိုက်အဖြစ်သရုပ်ဆောင်ဖို့လာခဲ့တာပါ ကျွန်တော်ဇာတ်ကောင်ကိုရလုနီးနီးဖြစ်ခဲ့ပေမဲ့ ရှန်ကျင်းထျန်က လုယူသွားခဲ့တယ်လေ ဟားဟားဟား ဒါပေမဲ့ သူပိုင်ချင်းကွမ်ကိုဒုတိယဇာတ်လိုက်အဖြစ်နဲ့သရုပ်ဆောင်ပေးဖို့ဆန္ဒရှိနေတာကိုတော့ ကျွန်တော်တော်တော်အံအားသင့်သွားတယ်"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now