Chapter 28

4.7K 830 45
                                    

Author: Gong Zi Yu Ge

Chapter 28: Shen Yitiao

အပြင်ဘက်ကတိုက်နေတဲ့လေက နန်းတော်ထဲကခန်းစီးစတွေနဲ့မီးအိမ်တွေကိုယိမ်းယိုင်နေစေတယ်။ နန်းတော်ထဲကအစေခံတွေကပြတင်းပေါက်တွေတံခါးတွေကိုပိတ်ဖို့လောနေကြတယ်။ လီရှုကသူ့လက်တွေကိုဆုပ်ထားရင်းနန်းဆောင်ထဲမှာရပ်နေခဲ့တယ်
"အိမ်ရှေ့စံအနားမှာရှိတဲ့လူတွေက အရှေ့နန်းတော်ကိုလာခစားဖို့ဒီအစေခံကိုမေးပေးဖို့စာပို့လိုက်ပါတယ်"

ကျိုးကျင်းက အမ်း လို့ပြန်ဖြေလိုက်ရင်းသိတဲ့အကြောင်းပြလိုက်ပေမဲ့တိတ်ဆိတ်နေတုန်းဘဲဖြစ်တယ်။ သူကဖြေးညှင်းစွာလီရှုဆီလျှောက်လာခဲ့ပြီး သူ့လက်ကိုဆန့်ထုတ်လိုက်ရင်းလီရှုရဲ့မျက်နှာကိုမော့စေခဲ့တယ်။

ကျိုးကျင်း: “လီရှု အနာဂတ်မှာကိုယ်အမြင့်ကိုတက်နိုင်မလားဆိုတာမင်းအပေါ်မူတည်နေတယ်"
လီရှုရဲ့လှပတဲ့မျက်နှာကပြိုင်ဘက်ကင်းတယ်။ မိန်းမစိုးအုပ်စုတွေကြားမှာကိုမပြောနဲ့ ကိုယ်လုပ်တော်အလှလေးတွေကြားမှာတောင်သူကထိပ်ဆုံးနေရာအတွက်ယှဥ်လို့ရတယ်။

ကျိုးကျင်းရဲ့လက်တွေကနူးညံ့နွေးထွေးနေတယ်။ သူလီရှုကိုလွှတ်ပေးလိုက်တော့ လီရှုကသူ့လက်မောင်းတွေကိုလက်နှစ်ဖက်လုံးနဲ့စိတ်လှုပ်ရှားစွာဆွဲထားလိုက်တယ်။ ကျိုးကျင်းကသူ့ကိုကြည့်ဖို့ခေါင်းမော့လိုက်တော့ လီရှုရဲ့တောက်ပနေတဲ့မျက်လုံးတွေကိုမြင်လိုက်ရတယ်။ ကျိုးကျင်းက သူ့ကိုလွှတ်ပေးဖို့လီရှုကိုသူ့မျက်လုံးတွေအနည်းငယ်ကျဥ်းမြောင်းစူးရဲစွာကြည့်လာခဲ့တယ်။

လီရှုရဲ့ပုံသဏ္ဍာန်ကကြောက်လန့်နေခဲ့ပြီး သူ့ရင်ထဲမှာရှိနေတဲ့ပြောထုတ်ပစ်ဖို့တွေဝေနေခဲ့တဲ့စကားလုံးတွေကိုထိန်းချုပ်ထားနေရသလိုမျိုး မျက်လုံးတွေကတုန်လှုပ်ခြောက်ချားနေခဲ့တယ်။

ကျိုးကျင်းက ပြန်လှည့်လာရင်းပြောလိုက်တယ်
"သွားတော့"

လီရှုက ဘာစကားတစ်ခွန်းမှမပြောဘဲသူ့ခေါင်းကိုငုံ့ထားနေခဲ့တယ်။ သူကဒူးထောင်လိုက်ပြီးတိတ်ဆိတ်စွာဘဲမင်းသားကိုလက်ဆောင်တစ်ခုပေးလိုက်တယ်။ သူကမြေပြင်ကနေထပ်ရပ်လိုက်ပြီးသူ့ခါးကိုကိုင်းညွှတ်လိုက်ရင်းထပ်နှုတ်ဆက်လိုက်တယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now