Chapter 32

4.6K 848 59
                                    

Author: Gong Zi Yu Ge

Chapter 32: မျက်နှာကိုဖြတ်ရိုက်ခြင်း


ဖုန်းချပြီးသွားတာနဲ့ ရန်ချွီးချီကရန်ယောင်ရွှမ်းကိုဖုန်းပြန်ခေါ်မလို့လုပ်နေတယ်။ ရန်ယောင်ရွှမ်းကိုသူအရမ်းစည်းကမ်းတင်းကျပ်ပေမဲ့လည်းတကယ်တော့သူ့ညီလေးကိုသူအရမ်းချစ်တယ်။

ရန်ယောင်ရွှမ်းက သူ့ထက်နှစ်အနည်းငယ်လောက်ငယ်ပေမဲ့သူကလေးထဲကသူ့အကိုကြီးရဲ့ပြုစုစောင့်ရှောက်တာကိုအမြဲခံခဲ့ရတယ်။ ရန်ချွီးချီရဲ့တင်းကြပ်တဲ့အုပ်ချုပ်မှုနဲ့ကောင်းမွန်တဲ့ကာကွယ်မှုအောက်မှာ ရန်ယောင်ရွှမ်းကဘာအကျင့်ဆိုးမှမရှိပေမဲ့ သူကအတော်ကြီးမရင့်ကျက်ဘဲနဲ့တုံးအတယ်။

သူကအမြဲရှန်ကျင်းထျန်ရဲ့ပရိတ်သတ်တစ်ယောက်ဖြစ်ခဲ့ပြီး အဲ့ဒါကရှန်ကျင်းထျန်သူ့ကိုအသုံးချဖို့အရမ်းလွယ်ကူတယ်။ ရန်ချွီးချီကအခုရန်ယောင်ရွှမ်းကလူကြီးတစ်ယောက်ဖြစ်ပြီးသူ့မှာကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းရှိသင့်တယ်ဆိုတာသိပေမဲ့ သူ့ရဲ့မပြောင်းလဲတဲ့စောင့်စားမှုကတကယ်ကိုမသင့်တော်ဘူး။

 သူရန်ယောင်ရွှမ်းကိုphခေါ်ရမလားတွေဝေနေတုန်း ကောင်းချောင်ရဲ့နာမည်ကသူ့phပေါ်ပေါ်လာခဲ့တယ်။

“ဥက္ကဋ္ဌရန်!"
ကောင်းချောင်က စိတ်လှုပ်ရှားစွာပြောတယ်။

ရန်ချွီးချီက"အမ်း"လို့ပြန်ဖြေလိုက်တယ်။

ကောင်းချောင်: “ကျွန်တော်အခုလေးတင် ယောင်ရွှမ်းကမူးနေပြီးရှန်ကျင်းထျန်ကသူ့ကိုအပေါ်ထပ်ကိုသယ်သွားတာမြင်လိုက်ရတယ်၊ ကြည့်ရတာသူတို့သူ့အခန်းဆီသွားပြီထင်တယ်"

ပြောပြီးတာနဲ့ကောင်းချောင်ကအသက်အောင့်ထားမိလိုက်တယ်။ ဥက္ကဋ္ဌရန်ဆီကနေဘာတုန့်ပြန်ချက်မှသူမရခဲ့ဘူး။ သူကပုံမှန်အဖြေတစ်ခုဘဲရလိုက်တယ်။
"သိပြီ"
ပြီးတာနဲ့ရန်ချွီးချီကphချလိုက်တယ်။

ရန်ယောင်ရွှမ်းကမူးနေတယ်?

သူညီက ကလေးထဲကထောင်ပေါင်းများစွာသောဝိုင်ခွက်တွေကိုသောက်လာတာ။ သူကသူ့ရေချိန်ကိုထိန်းထားရာမှာအတော်ဆုံးဖြစ်တယ်။ မိသားစုထဲမှာသောက်နိုင်စွမ်းမရှိဆုံးသူကရန်ချွီးချီကိုယ်တိုင်ဘဲဖြစ်တယ်။ သာမန်အခြေအနေအောက်မှာရန်ယောင်ရွှမ်းမူးနေဖို့ဆိုတာမဖြစ်နိုင်ဘူး။ အချို့လှည့်ကွက်လေးတွေသာမရှိဘူးဆိုရင်ပေါ့။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now