Chapter 97

2.6K 598 39
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 97: ဖွင့်ဟဝန်ခံခြင်း

ရှန်ကျင်းထျန်ရဲ့မျက်လုံးတွေထဲမှာ မျက်ရည်တွေရှိနေတုန်းဖြစ်တယ်။ သူရန်ချွီးချီကိုမြင်လိုက်တဲ့အချိန်မှာ မှင်သက်သွားခဲ့တယ်။ သူ့အတွေးတွေကိုပြန်စုစည်းလိုက်ပြီးတော့ ရှန်ကျင်းထျန်က ရန်ချွီးချီကိုပြုံးပြကာခေါင်းညိတ်ပြလိုက်တယ်။

မြစ်ပြင်က လေထန်နေပြီးမိုးကလည်းရွာသွန်းနေခဲ့တယ်။

လီမေ့လန်က မြစ်ကိုမြင်နေရတဲ့ဟိုတယ်အခန်းထဲမှာရပ်နေခဲ့တယ်။ ပန်းခြံဆီကိုကြည့်မိတော့ သူမက မျက်နှာချင်းဆိုင်နီးကပ်စွာအတူတူရပ်နေကြတဲ့ပုံရိပ်နှစ်ခုကိုခပ်ရေးရေးမြင်နေရတယ်။ သူမက လျှင်မြန်စွာphထုတ်လိုက်ပြီး အမြင့်ဆုံးအထိzoomဆွဲကြည့်လိုက်တော့ ဖုန်းစခရင်ပေါ်မှာ ရန်ချွီးချီနဲ့ရှန်ကျင်းထျန်ကဝေဝါးစွာပေါ်လာတာကိုတွေ့လိုက်ရတယ်။ မြင်ကွင်းက သူတို့ကidol dramaတစ်ခုရိုက်ကူးနေသလိုဘဲ။

“လန်ကျဲ ဥက္ကဋ္ဌရန်ကို ကျင်းကောနဲ့တွေ့ခွင့်ပြုလို့အဆင်ပြေပါ့မလား?"
ရှောင်ထန်က စိတ်ပူစွာမေးခဲ့တယ်။

သူတို့ပြန်လာတော့ ဟိုတယ်ဝင်ပေါက်မှာရန်ချွီးချီနဲ့တွေ့ခဲ့တယ်။ ရှန်ကျင်းထျန်ကလွဲလို့အဖွဲ့ထဲကလူတိုင်းကပြန်လာခဲ့ကြတယ်။ ရန်ချွီးချီကမေးလာတော့ သူတို့ကအလွယ်တကူမလိမ်နိုင်ခဲ့ဘူး။

လီမေ့လန်: “ကျင်းထျန်ကအဲ့ဒါကိုကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ငါယုံတယ်၊ သူပြောတာမှန်တယ်၊ သူတို့တွေ့တွေ့ မတွေ့တွေ့ ဥက္ကဋ္ဌရန်ကဥာဏ်ကောင်းတဲ့လူတစ်ယောက်လေ၊ လူတိုင်းကအဲ့ဒီအကြောင်းမပြောရင် သူကအရင်နောက်ပြန်ဆုတ်လိမ့်မယ်၊ ဒါကအကောင်းဆုံးအဖြေဘဲ"
(*လီမေ့လန်က တမင်သက်သက်လွှတ်ပေးထားတာလို့ထင်ပါတယ်၊ ဒါမှဘေဘီရှန်ငြင်းလို့ရအောင်လို့Xd ဒီနားကမရှင်းဖြစ်နေတာ)

သူမphချလိုက်တာကိုမြင်တော့ ရှောင်ထန်ကပြောလာတယ်။
"နောက်တစ်ခုရှိသေးတယ်၊ အခုတလော ပိုင်ချင်းကွမ်ရဲ့official fan clubကကျွန်တော်တို့စတင်တင်ဆက်သွယ်လာပြီး <When You're Older>စရိုက်ကူးတော့မှာမို့ အနာဂတ်မှာသူတို့ကျွန်တော်တို့နဲ့ပူးပေါင်းနိုင်ဖို့မျှော်လင့်ပါတယ်လို့ပြောခဲ့တာ"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now