Chapter 92

2.4K 558 42
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 92: ရှာလကာရည်တွေအချဥ်ဖောက်နေပြီ

ပိုင်ချင်းကွမ်က သူ့ကိုလှည့်ကြည့်လာတယ်။ သူ့ရှေ့ကရေကူးကန်ကကြီးမားတယ်။ အပြာရောင်ရေတွေက ညဥ့်အမှောင်မှာလူးလွန့်နေတယ်။ ဒီလိုပူအိုက်တဲ့နွေရာသီမှာ ရေကူးရတာလောက်လန်းဆန်းစေတဲ့ဘာအရာမှမရှိဘူး။ အခုသူက ဘာရေကူးဝတ်စုံမှလည်းယူမလာတာကိုထားဦး။ အခြားလူတစ်ယောက်ရဲ့အိမ်မှာဘယ်လိုလုပ်ရေကူးနိုင်မှာလဲ?

"မင်းကူးချင်ရင် သွားကူးလေ"
ပိုင်ချင်းကွမ်က ရှန်ကျင်းထျန်ကို​ပြောလိုက်တယ်။
"ငါ ဘေးကနေဘဲကြည့်နေတော့မယ်၊ ဘယ်လိုကူးရမလဲဆိုတာငါကောင်းကောင်းမသိလို့"

ရှန်ကျင်းထျန်က အရေးပါတဲ့အချက်အလက်တစ်ခုရလိုက်တာဘဲလို့ခံစားခဲ့ရတယ်။ ပိုင်ချင်းကွမ်က ရေကူးရာမှာအရမ်းမတော်ဘူး။ အခုသူက သူ့ကိုဘယ်လိုရေကူးရမလဲဆိုတာသင်ပေးရင်းပိုပြီးထိတွေ့ဆက်ဆံဖို့အကြောင်းပြချက်တစ်ခုရှိသွားပြီ။ ဒီအပြောင်းအလဲက ခံစားချက်တွေကိုတိုးတက်ကောင်းမွန်စေနိုင်တယ်။

ရှန်ကျင်းထျန် : "ငါရေကူးချင်လို့ ဒီမှာငါ့ကိုခဏစောင့်ဦး၊ အဝတ်သွားလဲလိုက်ဦးမယ်"

ခဏလောက်ကြာတော့ ရှန်ကျင်းထျန်ကပြန်ရောက်လာခဲ့တယ်။ သူနဲ့အတူအိမ်အကူတစ်ယောက်လည်းပါလာတယ်။ သူမက အသီးနဲ့ဝိုင်နီတစ်ပုလင်းယူလာခဲ့တယ်။ ဝိုင်ကိုဖွင့်ပေးပြီးတာနဲ့ သူမကထွက်သွားခဲ့တယ်။

"ကျောမှီကုလားထိုင်ခုံပေါ်ထိုင်ရင်းစကားပြောကြရအောင်"
ရှန်ကျင်းထျန်က ပြောလိုက်တယ်။

ပိုင်ချင်းကွမ်က ဝိုင်နီပုလင်းကိုအာသာပြင်းပြသွာကြည့်နေခဲ့တယ်။ သူကဝိုင်နီကြိုက်တဲ့လူတစ်ယောက်ဖြစ်တယ်။ ပုလင်းကအနံ့ကိုရှုကြည့်ရုံနဲ့တင် အဲ့ဒါကအရည်အသွေးကောင်းတဲ့ဝိုင်ဆိုတာသူသိတယ်။

ရှန်ကျင်းထျန်က စိတ်လှုပ်ရှားနေခဲ့တယ်။ နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်ကိုပြနိုင်တော့မယ်။ ရိုက်ကူးရေးအဖွဲ့နဲ့တစ်လကျော်လောက်ရိုက်ကူးပြီးတော့ သူကတစ်ချိန်လုံးလေ့ကျင့်ခန်းလုပ်နေတာကြောင့် အရင်ကထက်အများကြီးပိုပြီးအကြမ်းခံလာပြီလို့သူခံစားမိတယ်။ ပိုင်ချင်းကွမ်ကိုကျော်လွှားဖို့ သူကအရင်ကလူစားမျိုးမဟုတ်တော့ဘူးဆိုတာကို သူ့အရင်သဘောပေါက်အောင်လုပ်ရမှာဖြစ်တယ်။ သူ့ရဲ့ခန္ဓာကိုယ်နဲ့စရိုက်က DGLLရိုက်ကူးတုန်းကနဲ့အရမ်းခြားနားသွားခဲ့ပြီ။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now