[Description]

9.6K 641 91
                                    

Author :
Yan Liang Yu

Associated Names :
Sàng  Bìng Dà Xué

Status :
113 chapters + 5 extras

English Translators :
phizzlepop
transcendent.wings

English Translation :
https://www.novelupdates.com/series/zombie-university

Zawgyi

စုန့်ဖေးရဲ့ တက္ကသိုလ်ကျောင်းသားဘဝက သိပ်ပြီးတော့ ထူးထူးခြားခြား မရှိလေဘူး။ သူက ကျောင်းမှာမဖြစ်မနေသင်ရမယ့် ဘာသာရပ်တွေကိုယူပြီး၊ စိတ်ကြိုက်ဘာသာရပ်တွေကို ကျော်ကာ၊ CET-4 နဲ့ CET-6ကို ယူခဲ့တယ်။
(CET - China's College English Test)

သူ့ရဲ့တက္ကသိုလ်ကျောင်းသားဘဝမှာ သူ့ကိုစိတ်အနှောင့်အယှက်ပေးနေတဲ့ တစ်စုံတစ်ရာကို ပြပါဆိုရင် အင်မတန်ထူးချွန်ထက်မြက်တဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး- စိတ်ညစ်စရာကောင်းတဲ့ သူ့ရဲ့ex-bf သူနဲ့ဝေးဝေးနေနိုင်ပုံမရတဲ့- ချီယန်ပဲ။ ဆိုရိုးစကားတစ်ခုလိုပဲ exတွေက ဗီလိန်တွေနဲ့တူတယ်။ သူတို့နဲ့အရမ်းနီးနီးကပ်ကပ်နေမိရင် သူတို့က ဘဝင်ကိုင်နေလိမ့်မယ်။ သူတို့နဲ့ဝေးဝေးမှာ နေမိပြန်ရင်လည်း သူတို့က စိတ်တိုကြလိမ့်မယ်။

သူ့ရဲ့တက္ကသိုလ်ကျောင်းသားဘဝကြီးဟာ ဒီလိုအရေးမပါတဲ့ကိစ္စတွေနဲ့ပဲ ပြီးဆုံးသွားလိမ့်မယ်လို့ ထင်မိခဲ့ပေမယ့် တစ်နေ့မှာတော့ ရောဂါပိုးကူးစက်ခံထားရတဲ့ ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲခန်းမထဲကို ပြေးဝင်လာခဲ့တယ်...

ဒီလိုနဲ့ဇွန်ဘီဗိုင်းရပ်စ်ပိုးတွေဟာ တောမီးလိုပျံ့နှံ့လာပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေလည်း အဖြတ်ခံလိုက်ရကာ တက္ကသိုလ်ပရဝုဏ်ကြီးတစ်ခုလုံးက ငရဲအဖြစ် အသွင်ပြောင်းသွားတော့တယ်။

အပြင်ဘက်ကမ္ဘာကြီးက ဘယ်လိုဖြစ်နေပြီလဲဆိုတာ ဘယ်သူမှမသိခဲ့ကြသလို သူတို့ဟာ လာကယ်ဆယ်မယ့် အဖွဲ့အစည်းကိုပဲ ထိုင်စောင့်နေသင့်သလား ဒါမှမဟုတ် အန္တရာယ်တွေကြားထဲကနေ အပြင်ကို ဖောက်ထွက်သင့်သလား ဆိုတာကိုလည်း ဘယ်သူကမှ မရွေးချယ်နိုင်ခဲ့ကြဘူး။

စုန့်ဖေးကတော့ နောက်ဆုံးနည်းကို ရွေးချယ်ခဲ့ပြီး ချီယန်ဟာလည်း သူ့ရဲ့ရဲဘော်ရဲဘက် ဖြစ်လာခဲ့တယ်။

ဇွန်ဘီတက္ကသိုလ်(ဇြန္ဘီတကၠသိုလ္)Where stories live. Discover now